ကရင်ဒုက္ခသည်တချို့ တောင် ကိုရီးယားမှာ အခြေချနေထိုင်ခွင့်ရ


2015.12.23
karen-refugees-620.jpg ထိုင်း-မြန်မာနယ်စပ်ကနေ တောင်ကိုးရီးယားနိုင်ငံကို ပြောင်းရွှေ့အခြေချနေထိုင်တဲ့ ကရင်ဒုက္ခသည်တွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့ ၂ဝ၁၅ ခုနှစ်က တွေ့ရစဉ်
Photo: Yonhap

ထိုင်းမြန်မာနယ်စပ်က ကရင်ဒုက္ခသည် ၂၂ ယောက်ကို တောင်ကိုးရီးယားနိုင်ငံမှာ ပြောင်းရွှေ့အခြေချ နေထိုင်ဖို့ ခွင့်ပြုလိုက်တဲ့အတွက် မနေ့က ဆိုးလ်မြို့ကိုရောက်ရှိသွားပြီလို့ ကိုရီးယားပိုင် Yonhap သတင်းမှာ ဖေါ်ပြလိုက် ပါတယ်။

သူတို့ကို အမြဲတမ်းနေထိုင်ခွင့် F-2 ဗီဇာ ထုတ်ပေးမယ်လို့ တောင်ကိုရီးယား တရားရေးဌာနက ပြောပါတယ်။

တတိယနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ဖို့ လျှောက်ထားတဲ့ မြန်မာဒုက္ခသည်တွေထဲက တစ်နှစ်ကို အယောက် ၃ဝ နှုန်းနဲ့ ၂ဝ၁၇ နှစ်အထိလက်ခံမယ်လို့ တောင်ကိုရီးယားအစိုးရက ကုလသမဂ္ဂနဲ့ သဘောတူထားပါတယ်။ ဒီသဘောတူညီချက်ကို လွန်ခဲ့တဲ့ ၅ လလောက်က လက်မှတ်ထိုးခဲ့ပြီး၊ အခု ပထမဆုံးအသုတ် ခေါ်ယူ တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံအနေနဲ့ ကုလသမဂ္ဂအစီအစဉ်အရ နေရာချထားပေးမယ့် ဒုက္ခသည်တွေကို လက်ခံမယ်လို့ စတင်ကြေညာခဲ့တဲ့ ၁၉၉၄ ခုနှစ်ကနေ အခုချိန်ထိ လျှောက်ထားသူ ၁ သောင်း ၄ ထောင်နီးပါးထဲမှာ ၅၃၁ ယောက် ကိုပဲ လက်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။