သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-20
မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာ လက်လုပ်မိုင်းတွေ တွေ့တာကြောင့် အိမ်ရှင်အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာစဉ် လမ်းမှာ AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး ဖမ်းဆီးခံအမျိုးသမီး လွတ်မြောက်သွားပါတယ်။
2019-09-19
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့အစီရင်ခံစာအရ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာ၊ ခံနေရတာတွေနဲ့ ပတ်သက်လို့ ဥရောပပါလီမန်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2019-09-19
ဒီတပတ်မှာတော့ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ထိုင်းနိုင်ငံက RFA ပရိသတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-09-19
တပ်မတော်အနေနဲ့ ပြည်ထောင်စုဝန်ကြီး၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အရည်အချင်းသတ်မှတ်ချက်တွေမှာ ပုဒ်မထပ်ဖြည့်ဖို့ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ မြန်မာနိုင်ငံတည်တံ့ခိုင်မြဲဖို့ လိုအပ်တဲ့အတွက် ဖြည့်စွက်တာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။
2019-09-19
ဒီတပတ် “နိုင်ငံ့ရေးရာ မေးစရာ” အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို RFA ဝိုင်းတော်သူ မသက်စုအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2019-09-19
ဒီတပတ် “ယနေ့ နိုင်ငံရေး” အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ တိုးတက်ပြီး၊ ငွေကြေး တည်ငြိမ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
2019-09-19
စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ သယံဇာတထုတ်လုပ်မှုကဏ္ဍ တခုတည်းကနေ ဧရာဝတီမြစ်ကူးတံတားကြီး အစင်း ၁ဝဝ ဆောက်နိုင်လောက်တဲ့ ငွေပမာဏ ဆုံးရှုံးခဲ့ကြောင်း MATA အဖွဲ့က ထောက်ပြလိုက်ပါတယ်။
2019-09-19
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းက ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုချက်ကို စိတ်ပျက်မိကြောင်း ရေးသားလိုက်ပါတယ်။
2019-09-19
တပ်မတော်ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဆားဘီးယား-မြန်မာ တပ်မတော်နှစ်ရပ် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဖို့အတွက် ဆားဘီးယားကို အခုရက်ပိုင်းအတွင်း သွားရောက်ခဲ့ပါတယ်။
2019-09-19
တပ်မတော်နဲ့TNLA အကြား လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ့်ဆန်မြို့နယ်က ဟိုချောင်းကျေးရွာနဲ့ တောင်ရိုးဘုရား အနီးတဝိုက်ကို တပ်မတော်က ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-09-19
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်တချို့မှာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ကြိုတင်ကောက်ယူနိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောပါတယ်။
2019-09-18
ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တုန်းက ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA အကြမ်းဖက်သမားတွေ လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ ဟိန္ဒူတွေကို ရည်စူးပြီး နှစ်နှစ်ပြည့်ဆုတောင်းပွဲကို ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2019-09-18
ကျိုင်းတုံမှာ မနေ့က ကျင်းပခဲ့တဲ့ တပ်မတော်၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ ဆွေးနွေးပွဲဟာ အရင်က တွေ့ဆုံဆွေးနွေးပွဲတွေထက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိခဲ့တယ်လို့ သုံးသပ်သူတွေလည်းရှိသလို ဒီဆွေးနွေးပွဲကနေ တိကျတဲ့ သဘောတူညီချက်တွေ ထွက်လာဖို့ မျှော်လင့်ထားပေမယ့် ဖြစ်မလာဘူးလို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။
2019-09-18
တပ်မတော်က လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူးဆိုရင် အခြေခံဥပဒေ သစ်တစ်ရပ် ပေါ်ထွန်းလာအောင် တိုက်ပွဲဝင်သွားမယ်လို့ ရွှေဝါရောင်သံဃာတော်တွေက ရွှေဝါရောင်လှုပ်ရှားမှု ၁၂ နှစ်ပြည့်တဲ့ ဒီနေ့မှာ ကြေညာလိုက်ပါတယ်။
2019-09-18
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လတုန်းက ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ လက်ချက်ကြောင့် ဟိန္ဒူဘာသာဝင် ၁၁၃ ဦး သေဆုံးခဲ့ပါတယ်။