တပ်ကတင်တဲ့ဖွဲ့စည်းပုံဟာ တိုင်းပြည်လုံခြုံရေးအတွက်ဖြစ်


2019.09.19

တပ်မတော်အနေနဲ့ ပြည်ထောင်စုဝန်ကြီး၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အရည်အချင်းသတ်မှတ်ချက်တွေမှာ  နိုင်ငံခြားသားမဖြစ်ဖို့နဲ့ နိုင်ငံခြားသားတစ်ဦးဦးနဲ့ ဆွေမျိုးတော်စပ်ပတ်သက်နေတာမျိုး မဖြစ်ဖို့ ကန့်သတ်ထားတဲ့ ပုဒ်မမျိုးကို ထပ်ဖြည့်ဖို့ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ မြန်မာနိုင်ငံတည်တံ့ခိုင်မြဲဖို့ လိုအပ်တဲ့အတွက် ဖြည့်စွက်တာဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်အစုအဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို  ပြောကြားလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး RFA သတင်းထောက် မသက်စုအောင် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။