၄၅ ဦးကော်မတီက ရခိုင်အမတ်နှစ်ဦး နုတ်ထွက်စာတင်


2019.09.03

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီကနေ ရခိုင်အမျိုးသားပါတီဝင် ကိုယ်စားလှယ်နှစ်ဦး ဒီနေ့ နုတ်ထွက်စာတင်လိုက်ကြပါတယ်။

မနေ့ကလည်း အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်ဖြစ်သူ ဦးစိန်ဝင်းကလည်း အလားတူ စာတင်ခဲ့ပြီး ဒီနှစ်ရက်အတွင်း နုတ်ထွက်သူ သုံးဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ အသေးစိတ်ကို RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။