သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-24
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ထဲမှာပါတဲ့ “နိုင်ငံရေးလမ်းပြမြေပုံ” နဲ့ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖဲ့ွ NCCT တို့အကြား တိကျတဲ့ သဘောတူညီ မှုမရရှိသေးကြောင်း NCCT အဖဲ့ွဝင်တွေက ပြောပါတယ်။
2014-09-24
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲလည်း ကျင်းပခဲ့ပါတယ်။
2014-09-24
၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးကောက်ခံခွင့် တားမြစ်ခံရမယ်ဆိုရင် ပြည် သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို သမ္မတအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံသွားမယ်ဆိုတာ ဟာ သတင်းမှားဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2014-09-23
ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ထိုင်း နိုင်ငံရဲ့ ဆန်ဈေးကွက်ကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက တနေ့တခြား ယှဉ်ပြိုင်မှု ကြီးထွားလာနေတယ်လို့ ထိုင်းနိုင်ငံ ကုန်သည်ကြီး များအသင်းရဲ့ နိုင်ငံတကာ ကုန်သွယ်မှုလေ့လာရေးဌာနက ဒီနေ့ သတိပေးလိုက်ပါတယ်။
2014-09-23
အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့တဲ တက္ကသိုလ် ခြေလျင်နဲ့တောင် တက်အသင်းက ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံ မင်းသူတို့ ၂ ဦးဟာ တောင်ထိပ်ကနေ ပြန် အဆင်းမှာ အဆက်အသွယ်ပြတ်တောက် ပြီး ပျောက်ဆုံးနေတာ ဒီနေ့ဆိုရင် ၂၃ ရက်ရှိပြီဖြစ် ပါတယ်။
2014-09-23
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယနေ့အဖြစ် လွှတ်တော်အထူးအစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ရန်ကုန်မြို့အတွင်းမှာ မကြာခဏဖြစ်ပွားတဲ့ ဥပဒေမဲ့ ရမ်းကားမှုတွေ အတွက် ထိထိရောက်ရောက် အရေးယူပေးဖို့ အဆိုကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဝင်ရောက်ဆွေးနွေးခဲ့ကြ ပါတယ်။
2014-09-23
ရခိုင်ပြည်နယ် မြေပုံမြို့မှာ မြန်မာနိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူ မွတ်ဆလင် တထောင်ကျော်ထဲ က အယောက် ၄ဝ ကို မနေ့က နိုင်ငံသားစိစစ်ရေးကဒ်တွေ ထုတ်ပေးခဲ့ပါတယ်။
2014-09-23
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ တင်သွင်းတဲ့ "ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေး" အချက်ကို တပ်မတော်ခေါင်းဆောင်တွေက ပယ်ချခဲ့တဲ့အတွက် ဒီနေ့ဆွေးနွေးပွဲကို သတ်မှတ်ချိန် ထက်စောပြီး ရပ်ဆိုင်း လိုက်ပါတယ်။
2014-09-23
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာက ခြံမြေဧက ၁၀၀ကျော်ဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ်ပိုင်မြေဖြစ်ကြောင်း အဲ့ဒီခြံမြေတွေမှာ လက်ရှိလုပ်ကိုင်နေတဲ့ တောင်သူတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် ဒီနေ့ ဝါးနက်ချောင်းကျေး ရွာအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လယ်သမား ၅၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။
2014-09-23
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အဖြစ်များလာတဲ့ လူသတ်မှု၊ အုပ်စုဖွဲ့ တိုက်ခိုက်မှု၊ လက်နက်ကိုင် ရမ်းကားမှုတွေကို ထိထိရောက်ရောက် ဥပဒေတွေနဲ့ အရေးယူပေးဖို့အဆိုကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြု လိုက်ပါတယ်။
2014-09-23
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီက တရုတ်ဝန်ထမ်းနှစ်ဦး ကို ဒေသခံတွေနဲ့အတူ ထိန်းသိမ်းထားရာ မှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူနှင်းထွေးကို ဒီနေ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-09-23
အမေရိကန်ပြည်ထောင်စုမှာ ခေတ္တရောက်ရှိနေတဲ့ တောင်ကြီးမြို့အခြေစိုက် DEMO ခေါ် တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် ပအိုဝ်းလူငယ်တစ်ဦးဖြစ်တဲ့ ကိုခွန်ခမ်းကောင်ကို ဝါရှင်တန်ဒီစီမြို့တော် RFA ရုံးချုပ်မှာ ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-09-23
ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားရေးကိစ္စတစ်ခုတည်းကို ရှေ့ တန်းမတင်ဘဲ သမာသမတ်ကျအောင် ရင်ဆိုင်ဖြေရှင်းကြဖို့လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက တိုက်တွန်းလိုက်ပါတယ်။
2014-09-23
“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” အထိမ်းအမှတ်လမ်းလျှောက်ပွဲတွေ ဖျော်ဖြေပွဲတွေနဲ့ အားကစားပွဲတွေကို ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
2014-09-23
အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီ ရေခဲတောင်ကို တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ခြေလျင်တောင်တက်အသင်းက တောင်တက်သမား ၂ ဦးဟာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။