ခါကာဘိုရာဇီတောင်တက်ခရီး
2014.09.23
အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့တဲ တက္ကသိုလ် ခြေလျင်နဲ့တောင်တက်အသင်းက ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ၂ ဦးဟာ တောင်ထိပ်ကနေ ပြန်အဆင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာ ဒီနေ့ဆိုရင် ၂၃ ရက်ရှိပြီဖြစ်ပါတယ်။ ခါကာဘိုရာဇီတောင်ထိပ်ကို မတက်ရောက်ခင် သူတို့ပြောခဲ့တာတွေနဲ့ တောင်တက်ခရီးရဲ့ ခက်ခဲကြမ်းတမ်းပုံတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။