တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၆ နှစ်ပြည့် ကျင်းပ


2014.09.24
nup-anniversary-305.jpg တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၆ နှစ်ပြည့် နှစ် ပတ်လည် အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ ကျင်းပစဉ်
Photo: Kyaw Htoon Naing / RFA

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲလည်း ကျင်းပခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပီအာခေါ် အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေ က မေးမြန်းရာ ပီအာစနစ်ကိုကျင့်သုံးဖို့ ကြိုးစားတာ ဟာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့လို့ မယူဆကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟန်ရွှေ က ပြောခဲ့ပါတယ်။

ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းရီကလည်း ၂၀၀၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံမှာကတည်းက ပီအာစနစ်ကို ကျင့်သုံးဖို့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက တင်သွင်းထားကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံရေးပါတီအပြင် သတင်းမီဒီယာတွေကပါ ဝိုင်းဝန်းစောင့်ကြည့်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

၂၆ နှစ်ပြည့် ပါတီနှစ်ပတ်လည် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF စတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

လက်ရှိပါတီရဲ့ ရပ်တည်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟန်ရွှေကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။