သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-23
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲနဲ့ ဟောပြောပွဲကို သန်လျင်မြို့နယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။
2014-06-23
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) နဲ့ တောင်ဥက္ကလာပ မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-06-23
၁၃၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ကယားပြည်နယ် လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-06-23
စာသင်ကျောင်းတွေက မုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ မုန့်ပဲသွားရည်စာ အတော်များများဟာ တာရှည်အထားခံအောင် ဓာတုပစ္စည်းသုံးစွဲပြီး ပြုလုပ်ထားတဲ့မုန့်တွေ ဖြစ်ပြီး၊ ကလေးတွေ မစားသင့်တဲ့ မုန့်တွေ ဖြစ်တာကြောင့် ရိုးရာမုန့်တွေကိုသာ စားကြဖို့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ကြပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2014-06-23
နိုင်ငံရေးပါတီတွေနဲ့ အစိုးရအဖဲ့ွရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် သံဃာတော်တွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ‘အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖဲ့ွကို ဖဲ့ွစည်းလိုက်ပါတယ်။
2014-06-23
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ခရိုင် အားကစားကွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲအတွက် ခွင့်ပြု ချက်တောင်းခံတာကို နေပြည်တော် အားကစားဦးစီးဌာန ညွှန်ကြားရေးမှူးက ခွင့်ပြုချက်မပေးနိုင်ကြောင်း အကြောင်းပြန်တယ်လို့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။
2014-06-23
လာမယ့်ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ပြည်နယ်တွေ မှာ မကျင့်သုံးသေးဘဲ တိုင်းဒေသကြီးတွေ မှာသာ ကျင့်သုံးပေးဖို့ အမျိုးသားလွှတ်တော်မှာ တင်သွင်း ခဲ့တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2014-06-23
ရှေးဟောင်းပျူမြို့ဟောင်း သုံးမြို့ဖြစ်ကြတဲ့ သရေခေတ္တရာ၊ ဗိဿနိုး နဲ့ ဟန်လင်းတို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ကြီးက မနေ့က သတ်မှတ်လိုက်ပါတယ်။
2014-06-23
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အိုးဘိုထောင်ရပ်ကွက်မှာ စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော် အဆောက် အဦးဆောက်လုပ်ဖို့ သိမ်းထားတဲ့ မြေနေရာတွေ အတွက် တောင်သူ ၁၈ ဦးကို လယ် ၁ ဧကအတွက် ပေ ၈၀ ပတ်လည် မြေကွက်တစ်ကွက်စီ လျော်ကြေးပေးပေ မယ့် တောင်သူ ၈ ဦးက လက်မခံဘူးလို့ သိရပါတယ်။
2014-06-23
ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းဂျာနယ်တိုက် တချို့က တာဝန်ရှိသူတွေကို ခေါ် ယူမေးမြန်းတာဟာ စစ်ဆေးတာမဟုတ်ပဲ ဂျာနယ်လုပ်ငန်းတွေရဲ့ အခြေအနေကို သိရှိလိုတာကြောင့် နှစ်ဖက်ဆွေးနွေးတဲ့ သဘောသာဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောပါတယ်။
2014-06-23
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တောင်ဥက္ကလာပမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
2014-06-22
တနင်္သာရီတိုင်း မြိတ်မြို့ှမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တည်ဆောက်နေတဲ့ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံကြောင့် ပတ်ဝန်းကျင်လူထုထိခိုက်မယ့် အန္တာရာယ်ကို ဒေသခံလူထုက စိုးရိမ်နေကြပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ထပ်မံအရေးဆိုတင်ပြဖို့ စီစဉ်နေကြောင်းသိရပါတယ်။ မြိတ်မြို့နယ် NLD တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ကျော်စွာဦး ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-22
ရန်ကုန်အခြေစိုက် ဂျာနယ်တိုက်အချို့နဲ့ သတင်းစာတိုက်အချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အထူးစုံစမ်းစစ်ဆေးရေးက အလွတ်သဘော ခေါ်ယူမေးမြန်းတာတွေပြုလုပ်ခဲ့ပါတယ်။
2014-06-22
ပြည်တွင်းထုတ် သတင်းဂျာနယ်တချို့ ရဲ့ ငွေကြေးလည်ပတ်မှုတွေနဲ့ပတ်သက်ပြီး ဂျာနယ်တိုက် တာဝန်ရှိသူတချို့ကို အထူး သတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။
2014-06-22
အဖွဲ့အစည်း ၃၅ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ဒီမိုကရက်တစ် တက်ကြွလှုပ်ရှားသူများ ကွန်ရက်က ရန်ကုန်တောင်ပိုင်းခရိုင် လုံးဆိုင်ရာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲနဲ့ ဟောပြောပွဲကို ဒီနေ့ သန်လျင်မြို့ အာဇာနည်ကွင်းမှာကျင်းပပြီး သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။