အစိုးရနှုတ်ထွက်ဖို့ ဆော်သြသူ ကိုထင်ကျော် ထောင် ၆ လ စီရင်ခံရ
2014.06.23

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တောင်ဥက္ကလာပမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါ တယ်။ကိုထင်ကျော်ကို အခုလို အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ ဒီနေ့ရုံးချိန်းကို လာရောက်ခဲ့တဲ့ ကိုထင်ကျော်ရဲ့ ဇနီးဖြစ်သူ မသန်းသန်းမော်က အခုလို ပြောပါတယ်။
"၅ ရက် ၅ လ ၂ဝ၁၄ နေ့က ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိ စာတွေဝေတဲ့အတွက်ကြောင့်မို့ ဒီဟာနိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်၊ နောက် တစ်ဦးတစ်ယောက် ကျူးလွန်ချင်လာအောင် လှုံ့ဆော် တယ်ဆိုပြီးတော့ သူ့ကိုစွပ်စွဲချက်နဲ့ တောင်ဥက္ကလာပ တရားရုံးက ပုဒ်မ ၅ဝ၅(ခ)နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်လိုက်ပါတယ်၊ ကျမတို့ တောက်လျှောက် လိုက်တဲ့ကာလမှာတော့ တရားရေးမမြောက်တာတွေကို တရားရေးမြောက်အောင် အတင်းဆွဲတင်ပြီးတော့ အမိန့်ချတယ်လို့ ကျမက အဲလိုပဲသုံးသပ်ပါတယ်ရှင့်"
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးရှေ့မှာ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေဝေငှခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့ အမှုကို စီရင်ချက်ချမှတ်လိုက်တာပါ။
ကိုထင်ကျော်ကို တောင်ဥက္ကလာပမြို့နယ်အပြင် ကျောက်တံတား၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းစတဲ့ မြို့နယ် ၁၀ မြို့နယ်ကလည်း နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားပါတယ်။