သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-24
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားရသူတွေအတွက် အမေရိကန်ပြည်ထောင်စုက နောက် ထပ် ဒေါ်လာ သန်း ၅၀ ကူညီမယ်လို့ ယာယီ နိုင်ငံခြားရေးဝန်ကြီး John J. Sullivan က ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ဒီနေ့ကြေညာလိုက်ပါတယ်။
2018-04-24
တရုတ်နိုင်ငံမှာ ဆင်သားရေ ဈေးကောင်းပေးဝယ်နေတဲ့အတွက်ကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံက ဆင်တွေအတွက် စိုးရိမ်စရာဖြစ်နေပြီလို့ တောရိုင်းတိရစ္ဆာန် ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ တစ်ဖွဲ့က ဒီနေ့ သတိပေးလိုက်ပါတယ်။
2018-04-24
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ နေဝင်ချိန်ရှုခင်းတွေကြည့်ဖို့ တည်ဆောက်နေတဲ့ နေရာ အသစ်တွေ ဆောက်လုပ်မှုကို ရပ်ဆိုင်းထားဖို့ ရှေးဟောင်းသုတေသနဦးစီးဌာနက ညောင်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီနဲ့ ညှိနှိုင်းထားပါတယ်။
2018-04-24
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကဆုန့်ရွာနားမှာ အခြေစိုက်တဲ့ ကေအိုင်အေတပ်ရင်း ၁၁ နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ခရစ်ယာန်ဘာသာရေးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေ ကြတဲ့ လူဦးရေ တစ်ထောင်လောက်ကို ပြည်နယ်လူမှုရေးဝန်ကြီးက ဒီကနေ့ စားနပ်ရိက္ခာတွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။
2018-04-24
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်မှုကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှု အခြေအနေတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC က တိုင်းတာနေပါတယ်။
2018-04-24
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လက်ရှိအမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်အထိမ်းအမှတ် ဥပဒေ ပုဒ်မ ၇ အမှုကို တရားရုံးပြောင်း စစ်ဆေးပေးဖို့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးထံ လျှောက်ထားလိုက်ပါတယ်။
2018-04-24
နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား NVC(National Verification Card) ကိုင်ဆောင်ထားသူတွေကို တစ်နိုင်ငံလုံး သွားလာခွင့်ပြုလိုက်တဲ့ကိစ္စကို နိုင်ငံတော်သမ္မတထံ ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာပေးပို့မယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ က ဒီနေ့ ပြောလိုက်ပါတယ်။
2018-04-24
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက လက်လုပ်မိုင်းပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံနေရသူတွေထဲက နှစ်ဦးကို မြောက်ဦးမြို့နယ်က အခြားပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ ခေါင်း စဉ်ပြောင်းပြီး စစ်တွေမြို့နယ်တရားရုံးမှာ ဒီနေ့ရမန်ယူခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2018-04-24
သားယောကျ်ားလေးပဲလိုလားတာမို့ မြန်မာ့ အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ အမျိုးသားဦးရေ များပြီး ဇနီး ရှာရခက်တာတွေဟာ မြန်မာအမျိုးသမီး တွေကို ဂယက်လာရိုက်ခတ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-04-24
ရှမ်းပြည်မြောက်ပိုင်းမှာ တပိုင်တနိုင် လုပ်ကိုင်နေကြ တဲ့ မိရိုးဖလာ လက်မှုလုပ်ငန်းတွေကို အသေးစား စက်မှုလုပ်ငန်းလေးတွေ ဖြစ်လာအောင် ကြိုးစားနေသူတွေ ရှိပါတယ်။
2018-04-24
မြန်မာနိုင်ငံမှာ အခြေခံပညာအထက်တန်း အောင်ပြီးတဲ့ ကျောင်းသားတွေဟာ အဆင့်မြင့် ပညာရပ်တွေ ဆက်လက်သင်ယူရာမှာ အများစုက သိပ္ပံဘာသာတွဲတွေကိုသာ အထူးပြုဘာသာအဖြစ် သင်ယူကြပြီး ဝိဇ္ဇာဘာသာတွဲ ယူချင်သူတွေ နည်းပါးနေပါတယ်။
2018-04-24
စစ်အစိုးရလက်ထက်က တနင်္သာရီတိုင်းအတွင်း "ဆီအုန်းစီမံကိန်းအတွက်" ဆိုပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို ဒေသခံတွေပိုင်တဲ့ မြေတွေ၊ သစ်တောမြေတွေ ဧကသိန်းနဲ့ချီပြီး ချပေးခဲ့ပါတယ်။
2018-04-24
ရိုက်တာ သတင်းထောက်နှစ်ဦးအမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင် မိသားစုနဲ့ တေ့ွဆုံခွင့်ရရှိရေးအပြင် အခြေခံလူ့အခွင့်အရေးတွေ မဆုံးရှုံးစေရေးအတွက် လိုအပ်သလိုဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မေတ္တာရပ်ခံလိုက်ပါတယ်။
2018-04-24
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆ (ခ)နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ဟာ အပြစ်မရှိဘဲ မတရားဖမ်းဆီးခံရတာဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်တူးတူးက ပြောပါတယ်။
2018-04-24
နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ရဲ့ အမှုနဲ့ ပတ်သက်လို့ ဘယ်သူကိုမှ ကာကွယ်မနေဘဲ အမှန်တရားကို အခြေခံဆုံးဖြတ်ဖို့ လိုအပ်နေပြီး၊ ဒါမှသာ မြန်မာနိုင်ငံ တရားစီရင်ရေး ဂုဏ်သိက္ခာရှိမှာဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ တင်ပြထားပါတယ်။