ထိန်ပင်အမှိုက်ပုံ မီးခိုးငွေ့ကြောင့် လေထု ညစ်ညမ်းမှု အခြေအနေ တိုင်းတာ


2018.04.24
htainpin-fire-622.jpg ထိန်ပင်အမှိုက်ပုံမီး ငြိမ်းသတ်နေစဉ်
Photo: Htet Arkar/RFA

လေထုညစ်ညမ်းတာတွေကို တိုင်းတဲ့စက်တွေနဲ့ ၂၄ နာရီပြည့်အောင် တိုင်းတာဖြစ်တယ်လို့ YCDC ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်မော် က ပြောပါတယ်။

"တိုင်းတော့တိုင်းနေတယ် အဖြေမဖတ်ရသေးဘူး။ ၂၄ နာရီဖတ်မှာမို့လို့ မဖတ်ရသေးဘူး။ တိုင်းတော့တိုင်းနေတယ်။"

အခုလို အမှိုက်ပုံမီးလောင်တာက သဘာဝဘေးတစ်ခုဖြစ်ကြောင်း၊ အမှိုက်ပုံကနေ မီသိန်းဓာတ်ငွေ့ထွက်ရာ ကနေ လေအပူချိန်၊ နေအပူချိန်တွေကြောင့် မီးစထွက်ပြီး မီသိန်းဓာတ်ငွေ့ကို လောင်ကျွမ်းတာဖြစ်ကြောင်း ဒေါက် တာအောင်မြင့်မော်က သူ့ရဲ့လူမှုကွန်ရက်ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။။

ပြီးခဲ့တဲ့ဧပြီလ ၂၁ရက်နေ့က ဧရိယာစတုရန်းဧက ၃၀၀ ခန့်ရှိတဲ့ ထိန်ပင်အမှိုက်ပုံမှာ မီးစတင်လောင်တာဖြစ်ပြီး အခုချိန်ထိ တချို့နေရာတွေမှာ မီးလောင်နေဆဲဖြစ်ပါတယ်။

အဲဒီမီးတောက်တွေကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် ရင်ကြပ်တာတွေ၊ အသက်ရှုမဝတာတွေ ဖြစ်နိုင်တဲ့ အတွက်  ပြည်သူတွေအနေနဲ့ မျက်နှာဖုံးတပ်ဖို့ လိုအပ်တယ်လို့လည်း ရေးသားထားပါတယ်။

မီးခိုးငွေ့တွေကြောင့် အသက်ရှုကျပ်ပြီး လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူသူ ၁၆ ဦးအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။