တရုတ်ဈေးကွက်ကြောင့် မြန်မာ့ဆင်တွေ အန္တရာယ်ရောက်နေ


2018.04.24
elephant-622.jpg ဆင်တစ်ကောင်ကို တွေ့ရစဉ်
Photo: http://elephant-project.science/

တရုတ်နိုင်ငံမှာ ဆင်သားရေ ဈေးကောင်းပေးဝယ်နေတဲ့အတွက်ကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံက ဆင်တွေအတွက် စိုးရိမ်စရာဖြစ်နေပြီလို့ တောရိုင်းတိရစ္ဆာန် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ဖွဲ့က ဒီနေ့ သတိပေးလိုက်ပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် ဆင်မျိုးနွယ်စု ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြလိုက်တာပါ။

ဆင်သားရေကို အမှုန့်ကြိတ်ပြီး လူတွေရဲ့အစာအိမ်နဲ့ အရေပြားရောဂါကုတဲ့နေရာတွေမှာသုံးတာ၊ လက်ဝတ် တန်ဆာတွေ ထုတ်လုပ်ရောင်းချတာကြောင့် တရုတ်မှာ ဆင်သားရေဈေးကွက်ကြီးကြီး ဖြစ်နေတယ်လို့ဆိုပါတယ်။ ဆင်စွယ်ဆိုတာ အရွယ်ရောက်ပြီးသား ဆင်အထီးကနေပဲရတာဖြစ်လို့၊ ဆက်စွယ်ဈေးကွက်ကောင်းခဲ့တဲ့အချိန်က ဆင်ထီးတွေရဲ့ အသက်အန္တရာယ်ပဲစိုးရိမ်ရပြီး၊ အခုတော့ ဆင်သားရေဆိုတာ အထီးအမ အရွယ်မရွေးကနေ ရတဲ့အတွက် ဆင်ပေါင်းစုံအတွက် အန္တရာယ်ရှိ နေပြီလို့ဆိုပါတယ်။ အွန်လိုင်းမှာ ဆင်းသားရေ ရောင်းနေတဲ့ ကုန်သည် ၁၁ ယောက် မှာ ၉ ယောက်က သူတို့ဆင်သားရေကို မြန်မာနိုင်ငံက ဝယ်နေတာလို့ပြောကြပြီး ၂ ယောက်ကတော့ လာအိုနိုင်ငံကနေ ဝယ်နေတာလို့ပြောပါတယ်။

ဒါကြောင့် မြန်မာ့ဆင်တွေအတွက် လုံခြုံမှုလုံးဝမရှိတော့ဘူးလို့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဘီလင်ဒါ စတီးဝပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တောဆင်ရိုင်း အကောင် ၂ ထောင်လောက်ပဲ ကျန်တော့မယ်လို့ ခန့်မှန်းထားကြပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။