သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-14
ထိုင်းနိုင်ငံ မြို့ကြီးတွေဖြစ်တဲ့ ဗန်ကောက်၊ ချင်းမိုင် အပါအဝင် ထိုင်းမြန်မာနယ်စပ်က မြို့တွေမှာ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ရိုးရာသြင်္ကန် ဆင်နွဲှနေကြပါတယ်။
2011-04-14
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ရုံးချုပ်ရှေ့မှာ မြန်မာ့ရိုးရာအတာ သြင်္ကန် ပွဲတော်အဖြစ် စတုဒီသာကျွေးတဲ့ ပွဲတခု ဒီနေ့ ဧပြီ ၁၄ ရက် သြင်္ကန် အကျနေ့ မနက်က ကျင်းပခဲ့ပါတယ်။
2011-04-14
မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် ကြိုးပမ်းနေတဲ့သူတွေကို ဂုဏ်ပြုတဲ့ အညတြ သူရဲကောင်းဆုကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒီနှစ်မှာ ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ရွေးချယ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
2011-04-14
မြန်မာအစိုးရကို ဆက်လက် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ (၁) နဲ့ အစိုးရ စစ်အရာရှိတွေအကြား ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း SSA မြောက်ပိုင်း ပြန်ကြားရေးဌာန တာဝန်ရှိသူက ငြင်းဆိုလိုက်ပါတယ်။
2011-04-13
Vital Voices ခေါ် အမျိုးသမီးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံး ဆိုင်ရာဆုနဲ့ ဂုဏ်ပြု
2011-04-13
EU ဥရောပသမဂ္ဂက မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု သက်တမ်း နောက်တနှစ် တိုးလိုက်တာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ကြိုဆိုလိုက်ပါတယ်။
2011-04-13
မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းလဲသွားခဲ့တဲ့အတွက် နိုင်ငံရေးမှာ တိုးတက်မှုတွေ ရရှိနေပြီ၊ ပြစ်ဒဏ်ခတ်မှု ရုပ်သိမ်းသင့်ပြီဆိုတဲ့ ပြောဆိုမှုတွေဟာ အကျိုးအကြောင်း ခိုင်လုံမှုမရှိသေးဘူးလို့ အမေရိကန် ပြည်ထောင်စု ဂျော့ချ်တောင်းတက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Michael Green က ပြောကြားလိုက်ပါတယ်။
2011-04-13
ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံ အပေါ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု အားလုံးနီးပါးကို အရင်အတိုင်းပဲ နောက်ထပ် တနှစ် သက်တမ်း တိုးလိုက်ကြောင်း ဧပြီ ၁၂ ရက် မနေ့က ကြေညာခဲ့ပေမဲ့ မြန်မာအစိုးရသစ်မှာ ပါဝင်တဲ့ အရပ်သား ဝန်ကြီး အချို့ကိုတော့ ဥရောပနိုင်ငံတွင်း ပြည်ဝင်ခွင့် ပေးဖို့ ယာယီ လျှော့ပေါ့ပေး လိုက်ကြောင်း သိရပါတယ်။
2011-04-13
နယ်ပယ်အသီးသီမှာ ဦးဆောင် လှုပ်ရှားခဲ့ကြသူ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို အားပေး ဂုဏ်ပြုနေတဲ့ Vital Voices ခေါ် အမျိုးသမီးအဖွဲ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင် ဦးရွက်ပြုသူဆု ချီးမြှင့်လိုက်ပြီး၊ ဆယ်စုနှစ်ရဲ့အသံ (Voice of Decade) အဖြစ် သတ်မှတ် ဂုဏ်ပြုလိုက်ပါတယ်။
2011-04-12
မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ကုန်ဆုံးပြီး နှစ်သစ်သက္ကရာဇ် ၁၃၇၃ ခုနှစ် နှစ်သစ်ကူးမဲ့ အချိန်အခါသမယမှာပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာနိုင်ငံသားတွေ စုပေါင်း ကျင်းပတဲ့ မြန်မာ အတာသြင်္ကန်ပွဲကို ချင်းမိုင်မြို့ တက္ကသိုလ် Art Museum ဝင်းအတွင်းမှာ ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီလောက်မှာ စတင် ဖွင့်လှစ် ကျင်းပခဲ့ပါတယ်။
2011-04-12
မြန်မာအစိုးရတပ်ဖွဲ့တွေဟာ အပစ်အခတ် ရပ်စဲခဲ့တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)ကို တိုက်ခိုက်နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု့တွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ရှမ်းပြည် လူမှု အသိုင်းအဝိုင်း အခြေပြု အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။
2011-04-12
အရင်စစ်အစိုးရက ပြည်သူ့စစ်ဖွဲ့စည်းဖို့ ဖိအားပေးတာကို ငြင်းဆန်ခဲ့တဲ့ SSA-N ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၁)က ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား ဧပြီ ၁၂ ရက် ဒီကနေ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တွေ့ဆုံ ဆွေးနွေးကြတယ်လို့ သတင်းရရှိပါတယ်။
2011-04-12
မြန်မာနိုင်ငံမှာ ညူကလီးယား လက်နက် ထုတ်လုပ်နေပြီဆိုတဲ့ အထောက်အထားတွေဟာ ခိုင်လုံမှု မရှိပေမဲ့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ အနီးကပ် ဆက်ဆံနေမှုကတော့ နိုင်ငံတကာအတွက် အထူးစိုးရိမ်စရာ ဖြစ်တယ်လို့ အမေရိကန် ကျွမ်းကျင်သူတွေက ဧပြီ ၁၁ ရက် မနေ့က ပြောကြားလိုက်ပါတယ်။
2011-04-12
မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံရေးအရ အပြုသဘော တိုးတက်မှု ရှိကြောင်း နိုင်ငံတကာကို အခိုင်အမာ ပြသဖို့ အတွက်ဆိုရင် ပထမဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun က ဧပြီ ၁၁ ရက် မနေ့က ပြောကြား လိုက်ပါတယ်။
2011-04-11
ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီလောက်က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အတွက် ပျဉ်ဘိုးကြီးကျေးရွာမှာ စာသင်ကျောင်း တကျောင်း အပါအဝင် အိမ်ခြေ ၂၀ လောက် ပျက်စီး သွားကြောင်း သတင်းရရှိပါတယ်။