သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-22
အင်းတော်မြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-02-22
ဖမ်းဆီးခံရတဲ့ ဒေသခံ ၅၃ ဦးထဲမှာ အသက်လေးနှစ်အရွယ် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား အမျိုးသား၊ အမျိုးသမီးတွေ ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2023-02-22
စက်ယန္တရားတွေနဲ့ ရွှေတူးဖော်မှုလုပ်ငန်းတွေကို အရင်က ကန့်ကွက်တာတွေလုပ်ခဲ့ပေမယ့် လုပ်ငန်းဆက်လက် လုပ်ကိုင်နေတာကြောင့် တတိယအကြိမ် ကန့်ကွက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2023-02-22
စစ်အာဏာသိမ်းထား နှစ်နှစ်အတွင်း KNU ထိန်းချုပ်တဲ့ တပ်မဟာ ခုနစ်ခုမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၀၇ ကြိမ်လုပ်ခဲ့ပြီး အရပ်သား ၃၆ ဦး သေဆုံးခဲ့သလို ၅၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
2023-02-22
သာယာဝတီမြို့နယ်၊ ဂွေးချောင်းရွာအနီး ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာ ရိုဟင်ဂျာ ၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
2023-02-21
ဒီနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ RFA က ရရှိခဲ့တဲ့သတင်းတွေအရ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ၂၆ ယောက် ရှိပါတယ်။ ထိခိုက်သေဆုံးသူအများစုက သာမန်အရပ်သားတွေပါ။
2023-02-21
အမေရိကန်အစိုးရအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချပြီး မကြာသေးခင်က အတည်ပြုလိုက်တဲ့ ဥပဒေအရ NUG အစိုးရနဲ့ သူ့မဟာမိတ်တွေကို ရန်ပုံငွေ ပိုပြီးထောက်ပံ့သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်က ဆိုပါတယ်။
2023-02-21
‘ကန်ပိုက်တီ’ မြို့ဟာ တရုတ်လို ‘ခြောက်သွေ့ပျက်စီးတဲ့နေရာ’လို့ အဓိပ္ပာယ်ထွက်လို့ ‘ကံပိုင်တည်’လို့ အမည်ပြောင်းလိုက်တယ်လို့ ပြောပါတယ်။
2023-02-21
တံတားဖြတ်ကူးမယ့်သူတွေဟာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း လက်မှတ်မိတ္တူပြနိုင်ရင် ဝင်ထွက်ခွင့်ရမှာဖြစ်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး မြန်မာဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။
2023-02-21
အချင်းချင်းညီညွတ်ရေးအတွက် အမြန်ဆုံးဆွေးနွေးကြဖို့ ကရင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2023-02-21
RFA ဝိုင်းတော်သား စောဖိုးခွား နှစ်ပတ်တစ်ကြိမ် တင်ဆက်နေတဲ့ "၂၁ အားမာန်" အစီအစဉ်ပါ။
2023-02-21
ကျွန်းတောကျေးရွာထဲကို စစ်ကောင်စီတပ် ခမရ ၅၉၉ က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2023-02-21
ဦးဖြိုးမင်းသိန်းကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဒဂုံမြို့နယ်တရားရုံးက ဒဏ်ငွေ ကျပ်တစ်သိန်း ချမှတ်လိုက်ပါတယ်။
2023-02-21
မွန်နဲ့ ရခိုင်ပြည်နယ်မှာ ဖေဖော်ဝါရီ ၁၇ နဲ့ ၁၉ ရက်နေ့တွေက မလေးရှားကိုထွက်ခွာဖို့ကြိုးစားမှုနဲ့ ရိုဟင်ဂျာ ၁၀၀ ခန့် ဖမ်းဆီးခံလိုက်ရပါတယ်။
2023-02-21
ပြည်နယ်တစ်ခုလုံးမှာ စစ်ဆေးရေး ဂိတ်စခန်းပေါင်း ၄၀ နီးပါး ရှိနေပြီး အများစုက လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့ အဝင်အထွက် လမ်းမတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ဆိုပါတယ်။