သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-13
လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ သာဓုကျောင်းတိုက်က ထွက်ခွာမယ့် ရွှေညဝါ ဆရာတော် ဦးပညာသီဟဟာ မထွက်ခွာခင် ဆွမ်း ဒါယကာ ဒါယိကာမအပေါင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆွမ်းခံကြွရင်း နှုတ်ဆက်ဖို့ စီစဉ်ထားပါတယ်။
2012-02-13
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ငှားရမ်းထားတဲ့ ရုံးခန်းတစ်ခုကို ရန်ကုန် ဓမ္မစေတီလမ်း ခြံအမှတ် (၁၀၁) မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၇ နှစ်မြောက်မွေးနေ့ ဒီကနေ့ စဖွင့်လိုက်ပြီး ရုပ်ရှင်ကားအတွက် လှူဒါန်းတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံခဲ့ပါတယ်။
2012-02-13
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့အပြင် ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်စေရပါမယ်လို့ မြန်မာအစိုးရနဲ့ လာရောက် ဆွေးနွေးနေတဲ့ ဥရောပသမဂ္ဂ အီးယူ ထိပ်တန်းအရာရှိတွေကို လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကတိပေးလိုက်ပါတယ်။
2012-02-13
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar က မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး လိုအပ်ချက်တွေဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု အားကောင်းလာဖို့ လိုတယ်လို့ ဒီကနေ့ ပြောဆိုပါတယ်။
2012-02-13
မန္တလေးမြို့ဘာသာပေါင်းစုံ စည်းလုံး ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မနေ့ညနေ (၅)နာရီမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ နေရာအသုံးခွင့် မရလို့ ပွဲပျက်သွားခဲ့ပြီး လမ်းဘေးမှာ အကျဉ်းရုံး ကျင်းပခဲ့ရ ကြောင်းသိရပါတယ်။
2012-02-13
အင်အားကြီးနိုင်ငံတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း တောရိုင်းဥပဒေ ကျင့်သုံးတတ်တဲ့အပေါ် သတိပြုကြဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ မိန့်ခွန်းမှာ ဖေါ်ပြထားပါတယ်။
2012-02-13
စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓါတ် ခိုင်မာဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ကျရောက်ခဲ့တဲ့ (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
2012-02-12
စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဟာ ရန်ကုန်တိုင်းကျောက်တန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရံပုံငွေ ကျပ်သိန်း ၁၀၀ မတည်ပြီး "ရွှေမှော်ဝန်း" လူမှုရေးအဖွဲ့ကို ဒီနေ့ ဖွ့ဲစည်းလိုက်တယ်လို့ သိရပါတယ်။
2012-02-12
စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ပေါ်ပေါက်ရေးအတွက် ပင်လုံစိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒီကနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကြေညာချက်မှာ တိုက်တွန်းလိုက်ပါတယ်။
2012-02-12
မြန်မာနိုင်ငံမှာ ထာဝရ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင်နေသလို တိုင်းရင်းသားပြည်သူတရပ်လုံးကလည်း ပူးပေါင်းပါဝင်ဖို့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ဖေါ်ပြထားပါတယ်။
2012-02-12
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတဖို့အတွက် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူ တွေကို ခွင့်ပြုပေးဖို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုဆန်နီက RFA ကို အခုလို ပြောပါတယ်။
2012-02-11
အိန္ဒိယရေပိုင်နက် ကပ္ပလီကျွန်းစုအနီး တပ်စခန်း ဆောက်ဖို့ ရခိုင်ပြည်တပ်မတော်နဲ့ ကရင်အမျိုးသား အစည်းအရုံးက တာဝန်ပေး စေလွှတ်လိုက်တဲ့ ရခိုင်နဲ့ ကရင်တော်လှန်ရေးသမားထဲက ရခိုင်ပြည် တပ်မတော် ဗိုလ်ချုပ်ခိုင်ရာဇာနဲ့ ခေါင်းဆောင်ငါးဦး ၁၉၉၈ ခု ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အိန္ဒိယ ထောက်လှမ်းရေးတပ်ရဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ၁၄ နှစ် ပြည့်တဲ့ ဆွမ်းကျွေးတရားနာပွဲကို နယူးဒေလီမှာ မနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။
2012-02-11
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေနေ့ စကားဝိုင်းမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာနေပြီ ဆိုပြီး ပြည်ပနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြူလုပ်ဖို့ ဟန်ပြင်နေကြတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2012-02-11
ဒီနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့လယ်က ဗဟိုဈေးကြီး မီးလောင်ခဲ့ပါတယ်။ မီးသတ်ကား မလုံလောက်မှုကြောင့် အချိန်မီ မငြိမ်းသတ်နိုင်ခဲ့လို့ ဈေးတခုလုံး နီးပါး လောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2012-02-11
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ့ ပထမဆုံး သွားရောက်ခဲ့ရာ လမ်းတလျှောက် ပရိသတ် တိုး မပေါက်အောင် ကြိုဆို အားပေးကြကြောင်းသိရပါတယ်။