အဲဒီခေါင်းဆောင် ၆ ယောက်ကတော့ ရခိုင်ပြည်တပ်မတော် ဗိုလ်ချုပ် ခိုင်ရာဇာ၊ ဒုဗိုလ်မှူးကြီးစောထွန်း၊ ဗိုလ်မှူးရန်နိုင်၊ ဗိုလ်ကြီးလင်းဇံခိုင်နဲ့ KNU က ဗိုလ်မှူး ဖဒိုမှူးလွယ်၊ ဗိုလ်စိုးမြင့်တို့ ဖြစ်ကြပြီး အိန္ဒိယ ထောက်လှမ်းရေးတပ်ဖွဲ့က တောတွင်းကို လှည့်ဖျားခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့နှစ်ကမှ ပြန်လည် လွတ်မြောက်လာတဲ့ ကျန် တော်လှန်ရေးသမား ၃၄ ယောက်ဟာ ဖမ်းဆီးခံခဲ့ရတဲ့ ၁၃ နှစ်တာ ကာလ အတွင်း နှစ်စဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ရောက်တိုင်း ခေါင်းဆောင် ၆ ဦးကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ ထောင်ထဲမှာ အစာအငတ်ခံကာ ဂုဏ်ပြုခဲ့ကြပြီး အခုလို ဆွေးကျွေးတရားနာပွဲ ပြုလုပ်ရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဓညလင်းကပြောပါတယ်။
ဒီလိုအဖြစ်ဆိုးတွေ ရှိခဲ့ပါတယ်ဆိုတာကို နောင်လာနောင်သားတွေ သိစေဖို့၊ မမေ့ဖို့ ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ ကိုဓညလင်းက ဆိုပါတယ်။
အလားတူပဲ အဲဒီ ရခိုင်နဲ့ ကရင် မျိုးချစ် တော်လှန်ရေးသမားတွေ အတွက် ရည်စူးပြီး၊ အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့မှာ နေထိုင်တဲ့ ရခိုင်နဲ့ကရင် တိုင်းရင်းသားတွေကလည်း မနေ့က သံဃာတွေကို ဆွမ်းကပ်ပြီး အောက့်မေ့ဖွယ် အခမ်းအနား တရပ် ကျင်းပခဲ့ကြပါတယ်။