ဘာသာပေါင်းစုံ ဆုတောင်းပွဲ
2012.02.13
ဆုတောင်းပွဲအတွက် မန္တလေးဈေးချိုဟိုတယ် မင်္ဂလာခန်းမ ကိုငှားရမ်းခဲ့ရာမှာ ဟိုတယ်က သဘောတြူပီး စရံ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကျင်းပဖို့ ရက်အနည်းငယ် အလိုမှာ မန္တလေးမြို့တော်ဝန်က လက်မခံဖို့ ဟိုတယ် တာဝန်ခံကို ဖုန်းဆက ပြောဆိုလိုက်တဲ့ အတွက် ဆုတောင်းပွဲ ပျက်သွားခဲ့ရတယ်လို့ ပွဲစီစဉ်သူ မြန်မာမူဆလင် အသင်းက ကိုမောင်မောင်က အာအက်ဖ်အေကိုပြောပါတယ်။
ဒီဆုတောင်းပွဲကို မကြာသေးခင်ကမှ သမ္မတလွတ်ငြိမ်းခွှင့်နဲ့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဆရာတော် ဦးဝိရသူ နဲ့ တိုင်ပင်ပြီး အခုလို ဘာသာပေါင်း စုံချစ်ကြည်ရေး ဆုတောင်းပွဲကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ် မန်နေဂျာက တိုင်းအစိုးရ ဝန်ကြီးရုံး က ခွင့်ပြုအမိန့်စာ ပြနိုင်ရင် ငှားရမ်းမယ် ဆိုတဲ့အတွက် ဌာနဆိုင်ရာ အဆင့်ဆင့်ရဲ့ ခွင့်ပြုအမိန့် ရရှိခဲ့ပြီး ဖြစ်ကြောင်းလည်း ကိုမောင်မောင် က ပြောပါတယ်။
သတ်မှတ်ထားတဲ့ နေ့ရက်မှာ ဈေးချိုဟိုတယ်ကို သွားတဲ့အချိန်မှာတော့ ဟိုတယ် ဝန်ထမ်းတွေက အဝင်တံခါးကို သော့ခတ်လိုက်တဲ့အတွက် ဆရာတော် ဦးဝိရသူ ကြွရောက်လာတဲ့အခါ ဈေးချိုဟိုတယ်ရှေ့က ပလက်ဖေါင်း ပေါ်မှာပဲ ဝတ်ပြု ဆုတောင်းပွဲကို အကျဉ်းရုံး ကျင်းပခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီ ဆုတောင်းဝတ်ပြုပွဲကို ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာဝင်စုစုပေါင်း လူဦးရေ ၁၀၀ နီးပါးနဲ့ အကျဉ်းရုံး ကျင်းပခဲ့ပါတယ်။