သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-25
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သား တစ်ဦး ထမ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ကာယကံရှင်နဲ့ရင်းနှီးတဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2021-10-25
အောက်တိုဘာ ၂၆ ရက်နေ့ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးဟာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အလေးထားဆွေးနွေး ရမယ့်ကိစ္စဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌကို တက်ခွင့်မပြုလို့ အာဆီယံက ဆုံးဖြတ်တာကို အာဆီယံပဋိဉာဉ်နဲ့အညီ မဟုတ်ဘူးလို့ စစ်ကောင်စီက ကန့်ကွက်ပါတယ်။
2021-10-25
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းရွာကို အောက်တိုဘာလ ၂၅ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတာကြောင့် နှစ်ဦး ကျည်ထိမှန်ပြီး ရွာသားအချို့ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-25
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီ ဖမ်းဆီးခံ ရတာနဲ့ ပတ်သက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ စစ်အုပ်စုအနေနဲ့ တာဝန်ခံ ရမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၅ ရက် ဒီနေ့ ထုတ် ပြန်ပြောဆိုလိုက်ပါတယ်။
2021-10-25
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေအနေနဲ့ အကောက်ခွန်မဲ့ပစ္စည်း တွေ သယ်မလာဖို့ မြန်မာဘက် အကောက်ခွန် တာဝန်ရှိသူတွေက မူဆယ်မြို့ နန်း တော်ဂိတ်ပေါက်မှာ သတိပေးနေတယ်လို့ မူဆယ် မြို့ဒေသခံကတွေက RFA ကို ပြောပါတယ်။
2021-10-25
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ ရပ်ကွက်( ၅) ထဲက နေအိမ်ပေါ် အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ရင်ဘက်မှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးကို ဆေးရုံအဆင့်ဆင့် ပြောင်းပို့နေရတယ်လို့ ပန်ဆိုင်းဒေသခံတွေက ပြောပါတယ်။
2021-10-25
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ပြည်တွင်းသတင်းသမား ၁၀၂ ဦးရှိပြီး အဲဒီအထဲက အောက်တိုဘာလ ၂၅ ရက်အထိ ပြန်လွတ်လာသူ ၆၈ ဦးရှိတဲ့အတွက် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲ သတင်းသမား ၃၄ ဦး ကျန်နေသေးတယ်လို့ မီဒီယာအရေး လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
2021-10-25
ချင်းပြည်နယ် ဖလမ်းမြို့နဲ့ ဟားခါးမြို့အကြား လမ်းမကြီးဘေးမှာရှိတဲ့ တားလ်ရွာက လူနေအိမ် ၁၁ လုံးကို အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၇ နာရီခန့်မှာ စစ်တပ်က မီးထပ်ရှို့ခဲ့တယ်လို့ ကိုယ်တိုင်မြင်ခဲ့ရတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
2021-10-25
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က အမှတ် (၂) ရဲစခန်းအနီး စစ်ကားပေါ်မှာ အောက်တိုဘာလ ၂၅ ရက် ဒီနေ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲတစ်ဦး သေဆုံးခဲ့ကာ စစ်သားနဲ့ ရဲလေးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာမြို့က ဒေသခံတွေက ပြောပါတယ်။
2021-10-25
အောက်တိုဘာလ ၂၆ ရက် မနက်ဖြန်မှာ စတင်ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးကိုတက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဆင့် ရှိသူကို ဖိတ်ထားပေမယ့် တက်ဖြစ်/မတက်ဖြစ် မသေချာသေးဘူးလို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
2021-10-25
အာဏာရှင်ကိုဆန့်ကျင်တဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွား မယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က အောက်တိုဘာလ ၁၅ ရက် ဒီနေ့ကျရောက်တဲ့ KIO (၆၁) နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
2021-10-25
စဉ့်ကိုင်မြို့နယ်မှာ အဖမ်းခံလိုက်ရတဲ့ မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦး ကို အရင်စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) အစား အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၂ (က) နဲ့ ပြောင်းလဲတရားစွဲဆို လိုက်ပါတယ်။
2021-10-25
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ကျောင်းဆရာမ တစ်ဦးဟာ အောက်တိုဘာလ ၂၄ ရက် မနေ့ည ၆ နာရီခွဲခန့် နေအိမ်မှာရှိနေချိန် ပစ်သတ်ခံလိုက်ရပါတယ်။
2021-10-24
စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မယ့်ဘေးက လွတ်မြောက်ရာလွတ်မြောက်ကြောင်း ခရီးကြမ်းဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရောက်သွားတဲ့သူတွေထဲမှာ စစ်ကိုင်းတိုင်း ကလေးမြို့က CDM ဆရာမ ဒေါ်နွေဦးမေလည်း ပါဝင်ပါတယ်။
2021-10-24
အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာပြည်ဝင်ခွင့်ပေးပြီး အဓိကသက်ဆိုင်တဲ့ သူတွေကြား ညှိနှိုင်းဆောင်ရွက်ခွင့်ရဖို့ မြန်မာစစ်ခေါင်းဆောင်ကို ဆက်ပြီးဖိအား ပေးသွားမယ်လို့ ဒီသီတင်းပတ်မှာထုတ်ပြန်မယ့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။