သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-21
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာနှစ်ရွာမှာ မနေ့က လက်နက်ကျည် ကျရောက်ပေါက်ကွဲလို့ မွတ်စလင်အမျိုးသမီး နှစ်ဦးနဲ့ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
2019-10-20
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် ကဏ္ဍအတော်များများမှာ မြန်မာအိမ်နီးချင်း တရုတ်ပြည်က ပါဝင်လာနေပါတယ်။
2019-10-20
နှစ်ပေါင်း ၁၀၀ ကျော် ရပ်တည်ခဲ့တဲ့ ဗုဒ္ဓကလျာဏယုဝ အသင်း (YMBA) ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဘွဲ့ ပေးလိုက်တဲ့ ကာလမှာ အဖွဲ့နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတစ်ခု ဖြစ်ပွားပြီး ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2019-10-20
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ရေးကို လူနည်းစု အုပ်စုဝင်တွေဖြစ်တဲ့ မသန်စွမ်းတွေလည်း လိုလားကြပါတယ်။
2019-10-20
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က စစ်ဘေးရှောင်တွေကို လှူဒါန်းဖို့သွားတဲ့ ပခုက္ကူကျောင်းသားမဂ္ဂ အဖွဲ့ဟာ ဒုတိယအကြိမ် တားမြစ်ခံနေရပြီး စစ်ဘေးရှောင်တွေကို တိုက်ရိုက်လှူဒါန်းခွင့်မရခဲ့ဘူးလို့ ပခုက္ကူကျောင်းသားမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုမျိုးသူအောင်က RFA ကို ပြောပါတယ်။
2019-10-20
မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမ မမိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင် တို့နဲ့ ပတ်သက်လို့ ဒီနေ့ အချိန်ထိ အဆက်အသွယ် မရသေးသလို မည်သည့်အဖွဲ့အစည်းက ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တစ်ဦးနဲ့ AA ပြောခွင့် ရသူတို့က RFA ကို ဒီကနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။
2019-10-19
ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်သမားတွေကို ကျွန်လိုခိုင်းတာတွေရှိနေတဲ့အပြင် နှိပ်စက်ညဉ်းပမ်းတာ၊ ခေါင်းဖြတ်သတ်တာအထိ ဆိုးရွားနေတဲ့အကြောင်း The Irish Times သတင်းစာက ဆောင်းပါးရှင် Ian Urbina ရဲ့ဆောင်းပါးကို RFA အဖွဲ့သူ မခင်ခင်အိက ကောက်နုတ်တင်ပြထားပါတယ်။
2019-10-19
မြန်မာ့တပ်မတော်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ AA ရခိုင့်တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမ၊ ယောက်ဖနဲ့ သူတို့ရဲ့ လေးနှစ်အရွယ်သမီးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အောက်တိုဘာလ ၁၉ ရက်၊ မနေ့ နေ့လယ် ၂ နာရီလောက်က ဖမ်းလိုက်ပါတယ်။
2019-10-19
ဥပဒေကြောင်းဆိုင်ရာတွေနဲ့ အငြင်းပွားဖွယ်ရာတွေ ဖြစ်နေတဲ့ ဗုဒ္ဓကလျာဏယုဝအသင်း YMBA အနေနဲ့ လာမယ့် ၂၀၂၀ မှာ နိုင်ငံတော် အကြီးအကဲ တချို့ကိုလည်း ဘွဲ့တံဆိပ်တွေ ဆက်လက်ချီးမြင့်ဖို့ ရှိတယ်လို့ YMBA ဥက္ကဋ္ဌ ဦးရဲထွန်းက RFA ကို ပြောပါတယ်။
2019-10-19
၂ဝ၁၉ အောက်တိုဘာ ၁၉ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " အငြင်းပွားစရာတွေရှိနေတဲ့ တပ်ကိုယ်စားလှယ်တွေရဲ့လူထုတွေ့ဆုံပွဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-10-19
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် အင်ကြင်းရေနယ်နိမိတ်အတွင်း တရားမဝင် သတ္တုတူးဖော်နေတဲ့ ကုမ္ပဏီ နှစ်ခုရှိနေပြီး ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် နေပြည်တော် အထူးအဖွဲ့က စုံစမ်းစစ် ဆေးနေပါတယ်။
2019-10-19
နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ရက္ခိုင့်တပ်တော် AA ကိုအရေးယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အောက်တိုဘာ ၁၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-10-19
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုမှာ RCSS က တပ်သားသစ် အယောက် ၃၀ ကျော်ကို လာ ရောက်စုဆောင်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2019-10-19
ရခိုင်ပြည်နယ် မင်းပြားမြို့က စစ်ဘေးဒုက္ခသည်တွေကို လှူဒါန်းဖို့သွားရောက်ကြစဉ် တားမြစ်ခံရတဲ့ ပခုက္ကူကျောင်းသားမဂ္ဂအဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ခွင့်ပြုချက်နဲ့ အမ်းမြို့ကနေ ဆက်လက်ထွက်ခွာနေပြီဖြစ်ပါတယ်။
2019-10-19
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောကုန်းတန်း(ခေါ်)ရက်ခုန်းတိုင်ကျေးရွာမှာရှိတဲ့ အစိုးရ စာသင်ကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းတွေကို တပ်မတော်စစ်ကြောင်းတစ်ခုက အကာ အကွယ်ယူပြီး ယာယီစခန်းချခဲ့ရာမှာ ပျက်စီးဆုံးရှုံးမှုတွေရှိကြောင်း ကျေးရွာသားတွေက ဒီနေ့မနက်က ပြောပါတယ်။