သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-25
ရခိုင်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာအကြံပေးအဖွဲ့က နုတ်ထွက်တယ်လို့ ကြေညာရတာ အထူးစိတ်ထိခိုက်ရတဲ့အကြောင်းနဲ့ နုတ်ထွက်ရတဲ့အကြောင်းရင်းတွေကို အမေရိကန်ဝါရင့် နိုင်ငံရေးသမား Bill Richardson က ဒီလ ၂၄ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ လိုက်ပါတယ်။
2018-01-25
သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီပြီး ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေထဲက သင့်လျော်တဲ့ အရေအတွက်ကို ဘွဲ့တံဆိပ် အဆောင်အယောင်တွေ၊ အပန်းဖြေခရီး၊ နိုင်ငံခြား ပညာတော်သင်ခရီး စတဲ့ ချီးမြှင့်မှုတွေပြုလုပ်ဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က ဇန်နဝါရီလ ၂၅ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
2018-01-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို မြန်မာအစိုးရဘက်က ပြန်လက်ခံတဲ့အစီအစဉ် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်နေပြီဖြစ်ပေမယ့် ဒီနေ့အထိ ပြန်လာသူတစ်ဦး တစ်ယောက်မှ မရှိသေးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
2018-01-25
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က မွန်ပြည်သစ် ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီ က NCA ကို လက်မှတ်ရေးထိုးမယ်လို့ ကြေညာလိုက်ချိန်မှာ UNFC အဖွဲ့ ဘယ်လိုဆက်ပြီး ရပ်တည်မလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။
2018-01-25
ပညာရေးဘတ်ဂျက် တိုးမြင့်ပေးရေးအတွက် မန္တလေးမြို့၊ ရတနာပုံ တက္ကသိုလ်မှာ ဆန္ဒ ထုတ်ဖော်နေတဲ့ ကျောင်းသားတွေကို ယနေ့မနက်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းပြီး မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်ပို့ဆောင် လိုက်ပါတယ်။
2018-01-25
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ NCA မှာ လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် ကျန်နေတဲ့အဖွဲ့တွေအနေနဲ့ ဘယ်လိုပုံစံမျိုး အစိုးရနဲ့ ဆက်လက်တွေ့ ဆုံမလဲဆိုတာကို မကြာခင်ဆွေးနွေးဖို့ရှိတယ်လို့ UNFC ပြောခွင့်ရ ဦးထွန်းဇော် က ပြောပါတယ်။
2018-01-25
ပညာရေးဘတ်ဂျတ် တိုးမြှင့်ပေးဖို့အတွက် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ ဆန္ဒထုတ်ဖော်နေကြတဲ့ ကျောင်းသားအချို့ကို ယနေ့မနက်အစာပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူစုခွဲကာ နေရပ်ကိုပြန်ပို့လိုက်ပါတယ်။
2018-01-25
ထူးချွန်စွာတာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေထဲက သင့်လျော်တဲ့ ဝန်ထမ်းအရေးအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်၊ အပန်းဖြေခရီး၊ နိုင်ငံခြားပညာတော်သင်ခရီး စတဲ့ချီးမြှင့် မှုတွေပြုလုပ်ဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2018-01-25
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကနေ အမေရိကန် ဝန်ကြီးဟောင်း ဘီလ် ရစ်ချတ်ဆင် နုတ်ထွက်သွားတာဟာ လုပ်ပိုင်ခွင့် တာဝန်ထက်ပိုပြီး ဆောင်ရွက်လိုစိတ်နဲ့ အကြံပေးရမယ့်လုပ်ငန်းထက်ပိုပြီး လုပ်ဖို့ကြိုးစားလာတာကြောင့် အဆင်မပြေဖြစ်ပြီး နုတ်ထွက်သွားတာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2018-01-25
ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကြံပေးအဖွဲ့ကနေ အမေရိကန်ဝန်ကြီးဟောင်း Bill Richardson ဘီလ် ရစ်ချတ်ဆင် နုတ်ထွက်သွားတာဟာ သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့် တာဝန်ထက် ပိုပြီးဆောင် ရွက်လိုစိတ်နဲ့ အကြံပေးရမယ့်လုပ်ငန်းထက် ပိုပြီးလုပ်ဖို့ကြိုးစားလာတာကြောင့် အဆင်မပြေဖြစ် ပြီး နုတ်ထွက်သွားတာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2018-01-25
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို အစိုးရအနေနဲ့ အာဏာသုံးပြီး ဖိအားပေးတာတွေမလုပ်ဖို့နဲ့ အကြမ်းဖက်တာတွေ မလုပ်ဖို့ အမျိုးသားလူငယ်ကွန်ဂရက် ကနေ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-01-25
ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် ဒုက္ခသည်တွေကို လက်ခံဖို့ ပြင်ဆင်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က မောင်တော မြို့နယ် တောင်ပြိုလက်ဝဲစခန်းမှာ ပြည်တွင်းပြည်ပ မီဒီယာသမားတွေကို သက်ဆိုင်ရာတာဝန်ရှိ သူတွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။
2018-01-25
တနှစ်ကျော်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထူထူထောင်ထောင်ဖြစ်လာအောင် ဦးဆောင်နိုင်ခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့က မန္တလေးတိုင်း ပါတီဝင်အမျိုးသမီးထုနဲ့ တွေ့ဆုံပွဲမှာ ဦးသန်းဌေးက အခုလို ပြောခဲ့တာပါ။
2018-01-25
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၂ဝ၂၁ ခုနှစ်ကစပြီး တည်ဆောက်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်မဆောင်ရွက်ဘဲ ကြီးကြပ်သူအဖြစ်သာ ဆောင်ရွက်သွားမယ်လို့ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောလိုက်ပါတယ်။
2018-01-25
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ဒုတိယရဲမှူးကြီးယုနိုင်ကို စတင်စစ်ဆေးခဲ့ပါတယ်။