ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှု ရစ်ချတ်ဆင် ဝေဖန်
2018.01.25

ရခိုင်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာအကြံပေးအဖွဲ့က နုတ်ထွက်တယ်လို့ ကြေညာရတာ အထူးစိတ်ထိခိုက်ရတဲ့ အကြောင်းနဲ့ နုတ်ထွက်ရတဲ့အကြောင်းရင်းတွေကို အမေရိကန်ဝါရင့် နိုင်ငံရေးသမား Bill Richardson က ဒီလ ၂၄ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။
အဲဒီမှာ ရိုက်တာ သတင်းထောက်နှစ်ယောက်ကိစ္စကို မြန်မြန်ဆန်ဆန်မျှမျှတတ ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်တာကို အထူးစိတ်ပျက်ရတယ်လို့လည်း ရေးသား ထားပါတယ်။
အကြံပေးအဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ လက်သင့်ခံရတာကလည်း ရခိုင်ပြည်နယ်ထာဝရ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံံ့ဖြိုးတိုးတက်မှု ရရှိစေဖို့ မြန်မာနိုင်ငံက အားထုတ်နေတာတွေကို ပံ့ပိုးကူညီဖို့ဖြစ်ပါတယ်လို့ ပြောပါတယ်။
ကြေညာချက်မှာ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်လည်း ရုတ်တရက် ပျက်သွားတယ် လို့ ဖော်ပြပါတယ်။
စစ်တပ်သြဇာ လွှမ်းမိုးနေသေးတာကို အသိအမှတ်ပြုဖို့ အရေးကြီးချိန်မှာ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးရ တဲ့ကိစ္စကို ARSA က တိုက်ခိုက်တာကိုပဲ အပြစ်တင်တဲ့အကြောင်းနဲ့ ဒီအရေးကြီးတဲ့ကိစ္စရပ်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမှား-အမှန် ပိုင်းခြားနိုင်စွမ်းမဲ့တဲ့ ခေါင်းဆောင်မှုကို အထူးစိုးရိမ်တဲ့အကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာအကြံပေးအဖွဲ့က နုတ်ထွက်သွားတဲ့ အမေရိကန်ဝန်ကြီးဟောင်း Bill Richardson က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။