ပုဂ္ဂလိကလွှဲပြောင်းမယ့် ဆောက်လုပ်ရေး

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၂ဝ၂၁ ခုနှစ်ကစပြီး တည်ဆောက်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်မဆောင်ရွက်ဘဲ ကြီးကြပ်သူအဖြစ်သာ ဆောင်ရွက်သွားမယ်လို့ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောလိုက်ပါတယ်။ ဩစတြီးယားနိုင်ငံကနေ ယူရို ၅ သန်း ချေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဇန်နဝါရီလ ၂၄ ရက်နေ့က ရှင်းလင်းရာမှာ ဒုတိယဝန်ကြီး ဦးကျော်လင်းကအခုလိုပြောခဲ့တာပါ။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။