သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-27
လက်ရှိ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဌာန ၁၉ ခုက ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်းခြောက်သောင်းကျော် ချထားပေးဖို့ အစိုးရ အဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2016-12-27
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSAနဲ့တအာင်း -ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သီပေါမြို့နဲ့နမ္မတူမြို့တွေကို ထွက်ပြေးခဲ့ရတဲ့ ပန်လုံနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေ က ဒေသခံတွေဟာ ဒီဇင်ဘာလ ၂၆ရက်နေ့မှာ နေရပ်ကိုပြန်နေကြပြီဖြစ်ပါတယ်။
2016-12-27
မန္တလေးစက်မှုဇုန်က E-Lan ဆပ်ပြာမှုန့်စက်ရုံလုပ်သား ၁၆၀ ကို လုပ်အားခတွေ လျှော့ချလိုက်တဲ့အတွက် မူလ လစာအတိုင်း ရရှိဖို့ အလုပ်သမား ၁၀၀ ခန့်က ဒီဇင်ဘာလ (၂၆) ရက်နေ့ ဒီနေ့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
2016-12-27
မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးပိုမိုစိတ်ချရတဲ့ အတားအဆီးတွေ ကာရံပေးဖို့ ရခိုင်ပြည်နယ် အစိုးရကနေတစ်ဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မှတ်တမ်းတင်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-12-27
၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူစာရင်းတွေ အမှားအယွင်း မရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့ ရန်ကုန်တိုင်းဒေ သကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေ ဒီကနေ့ ရန်ကုန်မြို့ ရွှေလီလမ်း က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းဗဟိုဌာန NRPC မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
2016-12-26
လက်ရှိ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် အတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်းခြောက် သောင်းကျော်ချထားပေးဖို့ ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော် ထံ တင်သွင်းခဲ့ပါတယ်။
2016-12-26
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ NLD ပါတီ ဗဟို သုတေသနလမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းရဲ့ အာမခံလျှောက်ထားမှုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2016-12-26
ရန်ကုန်မြို့က လိုင်းကားတွေပေါ်မှာ ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်းပြော တာတွေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ပြန်လည်တုန့်ပြန်မယ့်သူတွေ အနေနဲ့ မထသ (ဗဟို) နဲ့ ပူးပေါင်းပြီး ဥပဒေနဲ့အညီဖြေရှင်း ဖို့ ပြောလိုက်ပါတယ်။
2016-12-26
နေအိမ်ပိုင်ဆိုင်မှုမရှိတဲ့ အငြိမ်းစား ဝန်ထမ်းတွေကို ဦးစားပေးရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာတွေကို နေပြည်တော်မှာ လာမယ့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ စတင်ဆောက်လုပ်မယ်လို့ ဆောက် လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2016-12-26
နိုင်ငံတော်အစိုးရက ရွေးချယ်ခန့်အပ်ရတဲ့ ဝန်ထမ်းတွေနေရာမှာ ဘွဲ့ရထားတဲ့ မသန် စွမ်းတွေကိုလည်း သင့်တော်တဲ့နေရာတွေမှာ ထည့်သွင်းခန့်အပ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
2016-12-25
မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးတို့က ကန့်သတ်ထားတဲ့ ဒေသတွေကို ကမ္ဘာ့လှည့် ခရီးသွားဧည့်သည်တွေ သွားလာဖို့ ခရီးသွား ကုမ္ပဏီတွေ ကတဆင့် ခွင့်ပြုမိန့်တင်ပြတာမျိုးတွေ ခွင့်ပြုပေးတော့မှာ မဟုတ်ကြောင်းနဲ့ လက်ရှိ သွားရောက် လည်ပတ်နေတာတွေ ရှိရင်လည်း ခရီးစဉ်ကို အမြန်ရပ်ဆိုင်းပေးဖို့ ဟိုတယ်နှင့် ခရီးသွားလားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
2016-12-25
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ လက်ခံထားတဲ့ ၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်းကားတင်သွင်းခွင့်လျှောက်ထားသူ ၁ ထောင် ကျော်ကို ကားတင်သွင်းခွင့်တွေ ထုတ်ပေးမှာ မဟုတ်တော့ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။
2016-12-25
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး ယာဉ်မောင်းနဲ့ ခရီးသည်တွေအားလုံး ထိုင်ခုံခါးပတ် ပတ်ရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက မြို့တွင်းခရီးသည်တင် ယာဉ်တွေကို ထိုင်ခုံခါးပတ် တပ်ဆင်ပေးဖို့ ဆောင်ရွက်နေပါတယ်။
2016-12-25
မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ကန့်သတ်ထားတဲ့ဒေသတွေကို ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်ဖို့ ခွင့်ပြုမိန့်တင်ပြ တာတွေ လက်ခံတော့မှာ မဟုတ်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထား ပါတယ်။
2016-12-25
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးန် ဝန်ကြီးဌာနက တစ်ဦးချင်းကားတင်သွင်း ခွင့် လက်ခံထားတဲ့ လျှောက်ထားသူ ၁ ထောင်ကျော်ထဲမှာ မမှန်မကန်လျှောက်ထားသူတွေများနေတဲ့အတွက် အဲဒီ တစ်ထောင်ကျော်ကို ကားတင်သွင်းခွင့် ထုတ်ပေးတော့မှာ မဟုတ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။