သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-27
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အကူအညီတွေကို ဧရာဝတီတိုင်းမှာ ကိုးနှစ်အတွင်း ပထမဆုံးအကြိမ် ပေးအပ်တာဖြစ်ပါတယ်။
2024-08-27
သေဆုံးသူတွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2024-08-27
ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်တွေ ဆက်တိုက်ကြုံလာရပြီး လူသေဆုံးတာနဲ့ ထိခိုက်မှုတွေရှိလာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-08-27
AA ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အစုအလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ICC က စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ဩဂုတ် ၂၇ ရက် ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2024-08-27
တရုတ်-မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံဘက်က သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဒီနေ့ စတင်လိုက်ပါတယ်။
2024-08-27
စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်၊ မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်တာကြောင့် ထောက်ခံပံ့ပိုးတာမလုပ်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
2024-08-27
မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေဟာ ၂၀၁၇ ဩဂုတ် ၂၅ ရက်နေ့ကတည်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပြီး ခုနစ်နှစ်အကြာမှာလည်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။
2024-08-27
ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ငါးဆယ် အပါအဝင် အကျဉ်းသား သုံးရာခန့် (၂၇၅ ဦး) ဟာ ဩဂုတ်လ ၂၅ ရက်က မြောင်းမြအကျဉ်းထောင်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2024-08-27
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။
2024-08-27
TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-27
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအနေနဲ့ ထိုင်းနိုင်ငံက ဘတ်ငွေ ကိုးသန်း (အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ) ပေးအပ်လှူဒါန်းခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။
2024-08-27
စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က အင်မထီးရွာအနီး တပ်စွဲအထိုင်ချထားပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက် ပစ်ခတ်နေတာကြောင့် ရွာ ကိုးရွာခန့်က ဒေသခံတွေ ထွက်ပြေးနေရပါတယ်။
2024-08-27
မြန်အောင်မြို့မှာ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပါတယ်။
2024-08-27
ရန်ကုန်မြို့မှာ စားအုန်းဆီကို စစ်ကောင်စီသတ်မှတ်စျေးနဲ့ရဖို့ အရင်က သမဝါယမစနစ်ပုံစံ ဆီဝယ်ယူခွင့်စာအုပ်တွေ ထုတ်ပေးပြီး အဲဒီစာအုပ်နဲ့ဝယ်ရတော့မယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကိုပြောပါတယ်။
2024-08-27
မြန်မာပြည်မှာ တရိပ်ရိပ်မြင့်တက်နေတဲ့ ကုန်စျေးနှုန်းကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ အခြေခံလူတန်းစားတွေ မနည်းပါဘူး။