သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-25
ရာသီတုပ်ကွေး A(H1N1) ရောဂါပိုးကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အမျိုးသား တစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မနေ့က သေဆုံးသွားပါတယ်။
2017-07-25
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်း သူ မစ္စယန်ဟီးလီရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သတင်း ထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့် ကွက်ကြောင်း အရေး ကြီးအဆိုကို ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အတည်ပြုလိုက်ပါတယ်။
2017-07-25
ရခိုင်ပြည်နယ်က သယံဇာတတွေကို ရယူသုံးစွဲရာမှာ ရခိုင်လူထုအကျိုး ခံစားခွင့်ရရှိဖို့၊ ရခိုင်ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို အဓိကဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း က နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။
2017-07-25
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့အမှုကို ပယ်ဖျက်ပေးဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။
2017-07-25
မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ လာမယ့် စက်တင်ဘာလအထိ မိုးကြီး တာ၊ မြစ်ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
2017-07-25
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်လာဖို့ နဲ့ အခြေအနေတွေကို အမှန်အတိုင်းသိနိုင်ဖို့နဲ့ ကုလသမဂ္ဂအဖွဲ့ကြီး နဲ့ မြန်မာအစိုးရတို့ကြား အပြန်အလှန် စိတ်ပျက်မနေကြဘဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ အမြင် နဲ့ ထောက်ပြချက်တွေရှိနေပါတယ်၊
2017-07-25
ပြန်လည်အစားထိုးလို့မရတဲ့ သမိုင်းဝင်ပစ္စည်းတွေ နေရာတွေကို မပျောက်မပျက်အောင် ကမ္ဘာမှာထိန်းသိမ်းနေ ကြပေမဲ့ မြန်မာနိုင်ငံမှာတော့ တချို့က ထိန်းသိမ်း ရကောင်းမှန်း၊ ရှေးဟောင်းသုတေသန လုပ်ရကောင်းမှန်း မသိကြပါဘူး၊
2017-07-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ကခေါင်းဆောင်တွေဟာ ဒီနေ့နေပြည်တော် က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး၊ စစ်ဘေးဒုက္ခ သည်တွေကို ကူညီထောက်ပံ့ရေးကိစ္စတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။
2017-07-25
ရာသီတုပ်ကွေးရောဂါ A(H1N1) ပိုး ကူးစက်ခံထားရတဲ့ လူနာ ၃ ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွေ မှာ ဆေးကုသပေးနေပြီး ချင်းပြည်နယ် မတူပီမြို့မှာ ရောဂါပိုးတွေ့ထားသူ ၁၀ ဦးရှိခဲ့ပြီး ၁ ဦး သေဆုံးထားတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-07-25
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့မကြာသေး ခင်က သတင်းထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည် သူ့လွှတ်တော်မှာ အိမ်မဲမြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက တင်သွင်းလိုက် ပါတယ်။
2017-07-25
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် ကောင်းလန်းကျေးရွာ အပါအဝင် ကျေးရွာ ခုနှစ်ရွာကနေ သိန္နီမြို့ပေါ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အားလုံး မနေ့က နေရပ်ပြန်သွားကြပြီ ဖြစ်ပါတယ်။
2017-07-25
မန္တလေးတိုင်း မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဒေသခံ တောင်သူ ၂ ရာကျော် စုပေါင်းပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-07-25
တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ငွေကြေးမတတ်နိုင်သူတွေ၊ ဆင်းရဲနွမ်းပါးသူတွေ ကြုံတွေ့နေရတဲ့ ရာဇဝတ်မှုတွေကို အခမဲ့ ရှေ့နေလိုက်ပေးမယ့် "တောင်ကြီး တရားမျှတမှုစင်တာ" ရုံးခန်းကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2017-07-25
မြန်မာနိုင်ငံသား ဒုက္ခသည် ၃ဝ၊ တောင် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ရောက်ရှိ လာမယ်လို့ သိရပါတယ်။
2017-07-25
မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ ကုလ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီ က မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေကြောင်း ပြောဆိုချက် ကို ကုလသမဂ္ဂရုံးက တနင်္လာနေ့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။