H1N1 လူနာ ၃ ဦးကို တေ့ွရှိထား


2017.07.25

ရာသီတုပ်ကွေးရောဂါ A(H1N1) ပိုး ကူးစက်ခံထားရတဲ့ လူနာ ၃ ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွေ မှာ ဆေးကုသပေးနေပြီး ချင်းပြည်နယ် မတူပီမြို့မှာ ရောဂါပိုးတွေ့ထားသူ ၁၀ ဦးရှိခဲ့ပြီး ၁ ဦး သေဆုံးထားတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရာသီတုပ်ကွေးဟာ မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ပြင်းထန်တဲ့ ပုံစံမျိုး တွေ့ရတာဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသဉ္ဇာအောင် က ပြောပါတယ်။ ဒေါက်တာ သဉ္ဇာအောင်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။