သိန္နီမြို့နယ်က နေရပ်ပြန်ဒုက္ခသည်များ
2017.07.25
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် ကောင်းလန်းကျေးရွာ အပါအဝင် ကျေးရွာ ခုနှစ်ရွာကနေ သိန္နီမြို့ပေါ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အားလုံး မနေ့က နေရပ်ပြန်သွားကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးပြီး ငွေတောင်းတာခံခဲ့ရတဲ့ မိသားစုတွေ ကတော့ နေရပ်ပြန်ဖို့နဲ့ပေးလိုက်ရတဲ့ ငွေအတွက် ပြန်ဆပ်ဖို့ အခက်အခဲရှိနေသလို နေရပ်ပြန် ရွာသားတွေကြားမှာလည်း စိုးရိမ်မှုတွေရှိနေဆဲဖြစ်ပါတယ်။
RFAသတင်းထောက် ကိုကံသာ က တင်ပြထားပါတယ်။