နိုငံတော် အတိုင်ပင်ခံနဲ့ KBC ခေါင်းဆောင်များ တွေ့ဆုံ
2017.07.25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ကခေါင်းဆောင်တွေဟာ ဒီနေ့နေပြည်တော်က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။
တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။