သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-25
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်ခွင့်ရှိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ဖို့လိုအပ်ကြောင်း အမေရိကန် ဆီးနိတ်အထက်လွှတ်တော်က ထင်ရှားတဲ့အမတ်တစ်ဦးဖြစ် သူ မစ်ချ် မက်ကောနဲလ် Mitch McConnell က မြန်မာအစိုးရ ကို မနေ့က ပြင်းပြင်းထန်ထန် တိုက်တွန်းတောင်းဆိုလိုက် ပါတယ်။
2014-07-25
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီ မြို့နယ်အဆင့် နယ်စပ်ဆက်ဆံရေးအရာရှိတွေဟာ မူးယစ် ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းဆိုင်ရာကိစ္စတွေကို မဲဆောက်မြို့မှာ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
2014-07-25
ဇူလိုင်လ ၁ ရက်နေ့က မန္တလေးမြို့မှာ အကြမ်းဖက် ပဋိပက္ခဖြစ်ခဲ့ပြီးနောက်ပိုင်း ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
2014-07-25
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် နောင်မွန်မြို့နယ်အတွင်းမှာရှိတဲ့ အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီရေခဲတောင်ကို တက်ဖို့ တက္ကသိုလ်ခြေလျင်နဲ့တောင်တက်အသင်း အဖွဲ့ဝင် ၈ဦးဟာ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့က စတင်ထွက်ခွာတော့မှာဖြစ်ပါတယ်။
2014-07-25
PR လို့ခေါ်တဲ့ အချိူးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တိုင်းဒေသကြီးတွေမှာ ကျင့်သုံးဖို့အတွက် ကော်မတီတရပ် ဖွ့ဲစည်းရေးအဆိုကို ဒီကနေ့ ပြည်သူလွှတ်တော်မှာ တင်သွင်းရာမှာ ကန့်ကွက်သူတွေ ရှိပေမယ့် အများစုဆန္ဒနဲ့ ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
2014-07-25
မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တချို့ မကြာခင် လာရောက် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
2014-07-24
နေပြည်တော်မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ ညီနောင် တိုင်းရင်းသားများပါတီ NBFအဖွဲ့ဝင် ပါတီ ၂ဝ ထဲက ပါတီ ၁ဝ ခုက ပြည်သူ့လွှတ်တော်အ မတ်တွေ ခွင့်ယူခဲ့ကြတယ်လို့ NBF အဖွဲ့ဝင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2014-07-24
အရင်က သဘာဝသယံဇာတ ထုတ်ယူသုံးစွဲ မှုတွေနဲ့ပတ်သက်ပြီး ဘယ်သူမှ ဘာမှမသိ ရတဲ့ မြန်မာနိုင်ငံဟာ အခုတော့ သယံဇာတ ထုတ်ယူတဲ့ရေးလုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုတွေ ရှိလာ ရတော့မယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိလာနေပြီလို့ သတ္တုမိုင်း ဂျာနယ်တစ်စောင်က ရေးသားပြောဆိုလိုက် ပါတယ်။
2014-07-24
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အနီးက ဂျေယန့်ဒုက္ခသည်စန်းမှာ ဒီလ ၂၂ ရက်နေ့မနက်က တဲအိမ်တွေပေါ်မြေပြိုကျတာကြောင့် ကလေး ၃ ဦး၊ ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၇ဝ အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း လူ ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
2014-07-24
ပြည်ထောင်စုလွှတ်တော်က မကြာ ခင် ဆွေးနွေးအတည်ပြုမယ့် အမျိူးသား ပညာရေး ဥပဒေမူကြမ်းကို အသေးစိတ်လေ့လာပြီး အကြံပြု ကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-07-24
အငြင်းပွားစရာဖြစ်လာတဲ့ PR အချိုးကျကိုယ်စားပြုစနစ် အပါအဝင် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးစာပေတွေရေးသားနေတဲ့ စာရေးဆရာ ဦးကျော်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-07-24
ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် အစိုးရအနေနဲ့ ပြည့်စုံတဲ့ နယ်ခြားလုံခြုံရေး ဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ ဒေါက် တာအေးမောင် မမေးမြန်းခင်မှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ ဆက် ဆံရေးထိခိုက်စေမယ့် အသုံးအနှုန်းတွေ မပါအောင်မေးမြန်း ဖို့ အစည်းအဝေးမစခင် ခေါ်ယူဆွေးနွေး ခဲ့ပါတယ်။
2014-07-24
လာမယ့် ရွေးကောက်ပွဲတွေမှာ တိုင်းဒေသ ကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေး ချယ်တဲ့အခါ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးပြီး ရွေးချယ်နိုင်ဖို့အတွက် ရွေးကောက်ပွဲ နည်းစနစ် ပြောင်းလဲပေးဖို့အဆိုကို ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော် ကိုယ်စားလှယ် အတော်များများက ကန့်ကွက် ခဲ့ပေမဲ့ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
2014-07-24
အစိုးရက တစ်နိုင်ငံလုံးအနှံ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို လယ်သမားတွေထံ ပြန်ပေးဖို့နဲ့ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထား တဲ့ လယ်သမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွအစည်းက ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2014-07-24
ရခိုင်ပြည်နယ်မှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ငန်းတွေမလုပ်ဖို့ တားမြစ်ခံထားရတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြန်လည် ပူးပေါင်းဆောင် ရွက်ဖို့ ဖိတ်ခေါ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မနေ့ က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။