ခါကာဘိုရာဇီတောင် တက်ရောက်မယ့် ကိုအောင်မြင့်မြတ်နဲ့ မေးမြန်းချက်
2014.07.25
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် နောင်မွန်မြို့နယ်အတွင်းမှာရှိတဲ့ အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီရေခဲတောင်ကို တက်ဖို့ တက္ကသိုလ်ခြေလျင်နဲ့ တောင်တက်အသင်း အဖွဲ့ဝင် ၈ ဦးဟာ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့က စတင်ထွက်ခွာတော့မှာဖြစ်ပါတယ်။
ခါကာဘိုရာဇီတောင်ထိပ်အထိ ပထမဆုံးအကြိမ် တက်ရောက်မယ့် တက္ကသိုလ်ခြေလျင်နဲ့ တောင်တက်အသင်း အဖွဲ့ဝင် ကိုအောင်မြင့်မြတ်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားပါတယ်။