သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-20
ကချင်ပြည်နယ် မံစီမြို့နယ်တွင်းမှာ မနေ့ နေ့လည်ပိုင်းက မြန်မာအစိုးရတပ် ခမရ(၃၄၈)နဲ့ KIAတပ်ရင်း(၂၁)တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ မြန်မာအစိုးရ တပ်ဖက်က အနည်းဆုံး ဗိုလ်မှူးတဦးနဲ့ တပ်သား(၂)ဦး သေဆုံးကြောင်း အဲဒီ ဒေသမှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တဦးက RFAကို ပြောဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
2011-07-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက် အရ ညောင်ဦး မြို့နယ် ဇီးအို ကျေးရွာမှာ ရေတွင်းတူးဖို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင် ဦးဆောင်ပြီး စီစဉ်နေတယ်လု့ိ သတင်းရရှိ ပါတယ်။
2011-07-20
ထိုင်း-မြန်မာနယ်စပ်မှာ မနေ့က ပျက်ကျခဲ့တဲ့ ထိုင်းစစ်တပ်ပိုင် Black Hawk ရဟတ်ယာဉ်ကို မြန်မာ စစ်တပ်က ရှာဖွေ တွေ့ရှိထားတယ်လို့ ထိုင်းစစ်တပ်က ဒီကနေ့ ပြောကြားပါတယ်။
2011-07-20
၂၀၁၄ ခုနှစ်မှာ မြန်မာ အာစီယံဥက္ကဌ ဖြစ်ရေး တင်ပြချက်ကို အာစီယံ အဖွဲ့ဝင်နိုင်ငံတွေက အပြုသဘော စဉ်းစားနေပါတယ်လို့ လက်ရှိ အာစီယံ အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတလီဂါဝါးက ပြောကြားလိုက်ပါတယ်။
2011-07-20
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံက ကြိုးပမ်းပေးဖို့ အိန္ဒိယကို ခရီးရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။
2011-07-20
မန္တလေးတိုင်း အမရပူရမြို့မှာ ဖွင့်ထားတဲ့ အမရသုခ ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းက ဆောင်ရွက်နေတဲ့ နယ်လှည့် ဆေးကုသရေး အစီအစဉ် အဖြစ် အာဇာနည်နေ့ အကြိုရက်မှာ မန္တလေးမြို့ ပြည်ကြီး တံခွန်မှာ ရှိတဲ့ တိုင်းရင်းသား မိဘမဲ့ လူငယ်များ စောင့်ရှောက်ရေး ပရဟိတ္တကျောင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
2011-07-19
နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးလ အတွင်း လူနှစ်သောင်းကျော် အလုပ် လက်မဲ့ ဖြစ်သွားရတာဟာ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေး ပြဿနာ ပေါ်ပေါက်နေပြီ ဆိုတာ ညွှန်ပြနေတာ ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ NCUB က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2011-07-19
အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာရိပ်သာ ခန်းမမှာ နိုင်ငံရေး အဖွဲ့အစည်း (၇) ခုက အလေးပြုခြင်း သုံးရပ်နဲ့ အတူ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို ဂုဏ်ပြု လွမ်းသူ့ ပန်းခွေ ချပါတယ်။
2011-07-19
ဒီကနေ့ ရန်ကုန်မြို့မှာ အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျင့်သုံးခဲ့ဖူးတဲ့ အစဉ်အလာအတိုင်း မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲတာတွေ၊ တမိနစ်ခန့် ငြိမ်သက် အလေးပြုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
2011-07-19
ကချင်ပြည်နယ် မန်စီမြို့နယ်မှာ မြန်မာ အစိုးရတပ် ခမရ (၃၂၈) နဲ့ KIA တပ်ရင်း (၁၂) တို့ ဒီကနေ့ မနက်မှာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး သေကြေ ဒဏ်ရာရတာတွေ ရှိတယ်လို့ KIO အဖွဲ့ ပြောခွင့်ရသူ ဦးလာနန်းက RFA ကို ပြောပါတယ်။
2011-07-19
၉ နှစ်အတွင်း ပထမအကြိမ် အာဇာနည် ဗိမာန်ကို သွားရောက် ဂါရဝပြုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ ဒီမိုကရေစီ အဖွဲ့ဝင်တွေ လိုက်ပါ ချီတက်သွားခဲ့ပါတယ်။
2011-07-19
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြင့်မြတ်သူတွေကို အာဇာနည်လို့ သတ်မှတ်ကြောင်း ၊ အများက တန်ဖိုးထား လေးစား လက်ခံသူမှသာ အာဇာနည်လို့ ခေါ်ဆိုရမှာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပတဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ပြောကြားသွားပါတယ်။
2011-07-19
၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန် မြန်မာနိုင်ငံကို ပေးသင့်မသင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးဖို့ရှိပြီး မြန်မာနိုင်ငံက အခြေနေတွေကို လေ့လာပြီးမှ အဆုံးဖြတ်ပေးဖို့ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက တင်ပြမယ်လို့ သိရပါတယ်။
2011-07-19
ဧပြီလ ၁၉ ရက်နေ့က မီးလောင်မှု ဖြစ်ပါွးခဲ့တဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် ဂွေးဂုဏ်ကျေးရွာမှာ စာကြည့်တိုက် ဆောက်လုပ်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဗဟိုက ပေးပို့လှူဒါန်းလိုက်တဲ့ ကျပ်ငွေဆယ်သိန်း ကို မကွေးတိုင်း ရေစကြိုမြို့နယ် NLD မြို့နယ်စည်းအဖွဲ့ဝင်တွေဦးဆောင်ပြီး တနင်္ဂနွေနေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
2011-07-19
အာဇာနည်လို့ခေါ်နိုင်တဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေပေါ်ပေါက်လာဖို့၊ အာဇာနည်တွေရဲ့ ကိုယ်ကျိုးစွန့် လုပ်ဆောင်ချက်တွေကို စံနမူနာယူဖို့ နဲ့ အာဇာနည်နိုင်ငံတရပ်ဖြစ်ပေါ်လာဖို့ လူတဦးချင်းက ကြိုးစား ဖို့လိုတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။