အာဇာနည် နိုင်ငံဖြစ်လာအောင် ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြင့်မြတ်သူတွေကို အာဇာနည်လို့ သတ်မှတ်ကြောင်း ၊ အများက တန်ဖိုးထား လေးစား လက်ခံသူမှသာ အာဇာနည်လို့ ခေါ်ဆိုရမှာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပတဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ပြောကြားသွားပါတယ်။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်ဗိမာန် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရစဉ်။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်ဗိမာန် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရစဉ်။ (AFP)

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ လူမျိုးအတွက် ကျဆုံးခဲ့ရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လေးစား တန်ဖိုးထားတတ်ဖို့ နဲ့ အာဇာနည်ကြီးတွေလိုဘဲ မြင့်မြတ်တဲ့ စိတ်ဓါတ်တွေ မွေးမြူကြဖို့ အပြင် အာဇာနည်ကြီးတွေလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ ပေါ်ပေါက်လာအောင် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း ပြောကြားသွားပါတယ်။ လူတိုင်းလူတိုင်း အနေနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးတည်ဆောက်နိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကို အားကိုးဖို့ လိုကြောင်းနဲ့ မိမိတို့နိုင်ငံကို အာဇာနည် နိုင်ငံတော်ကြီး ဖြစ်လာအောင် အားလုံးဝိုင်းဝန်း ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ အပြည့်အစုံကို RFA မှ ဒေါ်ခင်ခင်အိ တင်ပြထားတာ ဆက်လက်နားဆင်နိုင်ပါတယ်။

0:00 / 0:00