သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-25
လူမှှုရေးလုပ်ငန်းတွေကို နှစ်ရှည်လများ တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တဲ့ စာရေးဆရာမသန်းမြင့်အောင်ကို ပဉ္စမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် မနေ့ က ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။
2014-05-24
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ဖွ့ဲစည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု၊ ကုလသမဂ္ဂလက်အောက်ခံ ယူနီဆက်အဖွဲ့က ဗိုလ်ချုပ်ဟောင်းတဦးအိမ်ကို တလကို ဒေါ်လာ ၉ သောင်းနီးပါးပေးပြီး ရန်ကုန်မှာ ရုံခန်းဖွင့်ထားမှုစတဲ့အကြောင်းအရာတွေနဲ့အတူ အိမ်နီးချင်း နိုင်ငံတချို့ က နောက်ဆုံးအခြေအနေတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။
2014-05-24
ကချင်ပြည်နယ်နဲ့ တရုတ်-မြန်မာနယ်စပ် မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက် ၄၅ မိုင်အကွာမှာဒီနေ့ မနက် အစော ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံး ထိခိုက် ဒဏ်ရာရမှုမရှိကြောင်း အစိုးရ ငလျင်ဌာန က ပြောပါတယ်။
2014-05-24
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ် တရားရုံးက လယ်သမား ၇ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွား ပျက်စီးစေမှု ပုဒ်မတွေနဲ့ မနေ့က ထောင် ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။
2014-05-24
ဘာသာမတူ လူငယ်တွေကြားမှာ သံသ ယတွေ လျော့နည်းပပျောက်စေအောင် ရည်ရွယ်ချက်နဲ့ ဘာသာခြား လူငယ် ၃၀ လောက်စုပေါင်း ပြီး မော်လမြိုင်မြို့ မှာ ဘာသာရေး အဆောက်အဦးတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။
2014-05-24
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ရဲ့ ပထမဆုံး နှစ်ပတ်လည် ညီလာခံကို ဇွန်လ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ပြုလုပ်မှာဖြစ်ပြီး၊ အဲဒီ ညီလာခံ ကျင်းပရေးအတွက် ဦးဆောင်ကော်မတီကို မေလ ၂၃ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်၊
2014-05-24
တပ်မတော်နဲ့ နားလည်မှု မယူနိုင်ရင် ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေးမှာ အခက်အခဲတွေ အများကြီး နဲ့ ရင်ဆိုင်ရဦးမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ရဲ့ ဥက္ကဌ ဦးသိန်းညွှန့်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2014-05-24
အုပ်ချုပ်ရေးပိုင်းမှာ ဒီကနေ့ခေတ်၊ဒီကနေ့စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေရှိဖို့ လိုကြောင်းနဲ့ အဲဒီလို ဥပဒေတွေ မရှိဘူးဆိုရင် လက်တွေ့ လုပ်နေရတဲ့ ဝန်ထမ်းတွေအတွက် အခက်အခဲ ရှိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ဒီနေ့ ပြောပါတယ်။
2014-05-24
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်ကို တားဆီးပိုင်ခွင့် ဗီတိုအာဏာပေးထားတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမူဖြစ်စဉ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ကို အဟန့်အတားဖြစ်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် ကင်တားနားက ပြောဆိုလိုက်ပါတယ်။
2014-05-24
လှိုင်သာယာစက်မှုဇုန် ( ၄) မှာရှိတဲ့ ရွှေစွမ်းရည် ပီနန်အိတ်စက်ရုံမှာလည်း အခြေခံလစာ တိုးမြင့် ရရှိရေးနဲ့၊ ရှားပါးစရိတ် ရရှိရေးအတွက် စက်ရုံရှေ့မှာ အလုပ်သမားတွေ ဆန္ဒပြနေကြတာ ဒီနေ့ဆိုရင် ၄ ရက် ရှိသွားပြီ ဖြစ်ပါတယ်။ စက်ရုံအုပ်ချုပ်ရေးနဲ့ အလုပ်သမားတွေ လှိုင်သာယာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှု မရသေးပါဘူး။ အဲဒီစက်ရုံက အလုပ်သမားသမဂ္ဂ ခေါင်းဆောင် မချိုချိုအေးကို RFA သတင်းထောက် မစန်းမော်အောင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
2014-05-24
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် (၄) မှာရှိတဲ့ Asia Rose အထည်ချုပ်စက်ရုံမှာ စက်ရုံတရုံလုံးက အလုပ်သမားတွေ ဆန္ဒပြနေကြတာ သီတင်းသုံးပတ်ရှိပြီ ဖြစ်ပါတယ်။ အရင်က အလုပ်သမား ကိုယ်စားလှယ် ၅ ဦးနဲ့ စက်ရုံအုပ်ချုပ်ရေးတို့ သဘောတူထားချက်တွေကို အလုပ်သမားတွေကို အသိမပေးဘဲ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းတာကြောင့် အလုပ်သမားတွေအားလုံး ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။ ဆန္ဒပြ အလုပ်သမားတွေရဲ့ ကိုယ်စားလှယ် မသန္တာမိုးကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထား ပါတယ်။
2014-05-24
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ အစိုးရက သိမ်းယူခဲ့တဲ့ စိုက်ပျိုးမြေတွေကို ပြန်လည်ရယူတဲ့ အနေနဲ့ ဒေသခံတောင်သူတွေက အဲဒီမြေတွေမှာ မနေ့က ခုတ်ထွင်ရှင်းလင်းခဲ့ကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-05-24
နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ မနေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီး ညမထွက်ရအမိန့်ကိုလည်း ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-05-24
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဆွေးနွေးပွဲ ဒီကနေ့ ပြီးဆုံးသွားပါပြီ။ ဒီဆွေးနွေးပွဲကနေ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်- ဒုတိယမူကြမ်းကို အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-05-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္က ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာနဲ့ကိုထွန်းဇော်တို့ဟာ မနေ့က မေလ ၂၃ ရက်နေ့ ၊ မနက် ၁ဝ နာရီ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် မှာတွေ့ဆုံခဲ့ကြတယ်လို့ သိရပါသည်။ ဒါပေမယ့် အဲဒီတွေ့ဆုံပွဲမှာ ဘာအကြောင်းအ ရာတွေဆွေးနွေး တယ်ဆိုတာတော့ နှစ်ဘက်လုံးကသတင်း ထုတ်ပြန်မှုမရှိသေးပါဘူး။