ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဥပဒေတွေ လိုအပ်ကြောင်း သူရဦးရွှေမန်းပြောကြား


2014.05.24
ushweman-naypyitaw-305.jpg မေလ ၂၄ ရက်နေ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဆရာဆရာမတွေ၊ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ သူရဦးရွှေမန်းကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

အုပ်ချုပ်ရေးပိုင်းမှာ ဒီကနေ့ခေတ်၊ ဒီကနေ့စနစ် နဲ့ လျော်ညီတဲ့ ဥပဒေတွေ ရှိဖို့လိုကြောင်းနဲ့ အဲဒီလို ဥပဒေတွေ မရှိဘူးဆိုရင် လက်တွေ့လုပ်နေရတဲ့ ဝန်ထမ်းတွေအတွက် အခက်အခဲရှိကြောင်း ပြည်ထောင် စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြော ပါတယ်။

ဒီကနေ့ မနက်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ တက္ကသိုလ်ဆရာ ဆရာမတွေ၊ ဒေသခံပြည်သူတွေ နဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလိုပြောသွားတာပါ။

"ဒီခေတ်က အမိန့်နဲ့ အာဏာနဲ့ အုပ်ချုပ်တဲ့ခေတ် မဟုတ်ဘူး၊ စနစ်လည်း မဟုတ်ဘူး၊ ဒီခေတ်က ဥပဒေနဲ့ ပြဌာန်းပြီးတော့ ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ အုပ်ချုပ်ရ မယ့်ခေတ်ဖြစ်တယ်၊ အုပ်ချုပ်ရေး အပါအဝင် တရားဥပဒေ စိုးမိုးရေးကိစ္စမှာ ဒီနေ့ခေတ် ဒီနေ့စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေရှိဖို့၊ ဒီနေ့ခေတ် ဒီနေ့စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေ မရှိဘူးဆိုရင် လက်တွေ့လုပ်နေရတဲ့ ဝန်ထမ်းအသီသီးအတွက် များစွာအခက်အခဲရှိတယ်"

ဒါ့အပြင် နိုင်ငံရေးကို မိမိအတွက် မိမိပါတီအတွက် အသုံးချမယ်ဆိုရင် မကောင်းတဲ့နိုင်ငံရေးဖြစ်ကြောင်း နဲ့ ပြည်သူတွေကလည်း အစိုးရတစ်ရပ်ကို ရွေးချယ်ခွင့်ရှိသလို နိုင်ငံရေးကိုလည်း စိတ်ဝင်စားဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း ပါးစပ်ကပြောနေရုံနဲ့မရဘဲ လက်တွေ့လုပ်ဆောင်ဖို့လိုသလို အားလုံးက အမှန်တကယ် ရိုးသားဖို့ လိုအပ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။