အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်နဲ့ နားလည်မှုယူဖို့ NNDP တိုက်တွန်း
2014.05.24

တပ်မတော်နဲ့ နားလည်မှု မယူနိုင်ရင် ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေးမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမယ်လို့ အမျိုးသား ဒီမိုကရေစီပါတီသစ် NNDP ရဲ့ ဥက္ကဌ ဦးသိန်းညွှန့်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီပါတီသစ်ရုံးချုပ်မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပါတီရဲ့ သဘောထားကို ရှင်လင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
"အခု အခြေခံဥပဒေကို ပြင်ဖို့၊ ဒီမိုကရေစီစံနှုန်းတွေ ရဖို့၊ လူ့အခွင့်အရေးတွေ တိုးတက်ဖို့ဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးရမှပဲ ကျနော်တို့ လုပ်လို့ရမယ်၊ အဲဒါအချုပ်ပြောရရင် တပ်မတော်မပါရင် သို့မဟုတ် တပ်မတောနဲ့ နားလည်မှု မယူနိုင်ရင် ကျနော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးတဲ့ အခါမှာ အခက်အခဲတွေ အများကြီးတွေ့ရပါမယ်"
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒီမိုကရေစီအင်အားစုတွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း ပြောခဲ့သလို အမျိုးသား ဒီမိုကရေစီပါတီသစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးကို နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ ပါတီသစ်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ပြင်ဆင်ရေး သဘောထားနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။