သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-26
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခ ကာလအတွင်း အေအေနဲ့ဆက်နွယ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့သူတွေကို အမှုပြန်ရုပ်သိမ်းဖို့ ဆွေးနွေးနေတယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဒီနေ့ပြောလိုက်ပါတယ်။
2021-04-26
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲချက် ပုဒ်မအမျိုးမျိုးတပ်ပြီး စစ်ကောင်စီက တရားစွဲဆို ဖမ်းဆီးထားတာ သုံးလနီးပါးကြာတဲ့အထိ အမှုသည်နဲ့ အမှုလိုက် ရှေ့နေတွေ လူချင်း တွေ့ခွင့်မရသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
2021-04-26
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းနယ်မြေက ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေ ကို ဆက်လက်လုပ်ဆောင် နေမယ်ဆိုရင် နည်းမျိူးစုံနဲ့ ခုခံတိုက်ခိုက်သွားမယ်လို့ ချင်းနယ်မြေခုခံကာကွယ်ရေးအဖွဲ့ Chinland Defense Force (CDF) အဖွဲက မနေ့က ကြေညာလိုက်ပါတယ်။
2021-04-26
အကြမ်းဖက် သတ်ဖြတ်နှိပ်ကွပ်တာတွေရပ်ဖို့ အာဆီယံ ခေါင်းဆောင်တွေက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြီးခဲ့တဲ့ စနေနေ့ကမှ တွေ့ဆုံပြောဆိုလိုက်ပေမယ့်၊ စစ်တပ်နဲ့ ရဲကတော့ ဆန္ဒပြသူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးနေဆဲဖြစ်ပါတယ်။
2021-04-26
ထားဝယ်မြို့တွင်းမှာ ဒီနေ့ ဧပြီ ၂၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစု သပိတ်စစ်ကြောင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။
2021-04-26
မန္တလေးမြို့မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆန္ဒပြဖို့ လူစုနေတဲ့ ဒေါင်း စစ်သည် သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဧပြီ ၂၆ ရက်နေ့၊ ညနေ ၄ နာရီလောက်က ၃၂ လမ်း၊ လမ်း ၆၀ နဲ့ ၆၁ လမ်းကြားမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ပြီး လာရောက်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
2021-04-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာ ပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ဧပြီ ၂၆ ရက်နေ့က ဆန္ဒပြနေတာပါ။
2021-04-26
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ လမ်းပေါ်သွားလာနေသူတွေကို ရပ်တန့် စစ်ဆေးရာမှာ ငွေကြေး အမြောက်အများပါလာရင် သယ်ဆောင်ခွင့်မပြုဘဲ ကန့်သတ် စီစစ်နေပါတယ်။ တဘက်မှာလည်း အွန်လိုင်းငွေပေးငွေယူစနစ် ပျက်နေတဲ့အတွက်၊ ငွေအလုံးအရင်းနဲ့ လုပ်ကိုင်နေရတဲ့ နယ်ကုန်သည်တွေ အခက်အခဲတွေ့နေပါတယ်။
2021-04-26
မန္တလေးမြို့မှာ သပိတ်စစ်ကြောင်းတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဧပြီ ၂၆ ရက်နေ့က ဆန္ဒပြခဲ့တာပါ။
2021-04-26
ဧပြီ ၂၄ ရက်နေ့ အင်ဒီုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းဝေး ဘုံသဘောတူညီချက် ငါးချက်ကို ကြိုဆိုကြောင်းနဲ့ အမြန်ဆုံးကောင်အထည်ဖော်ဖို့ အပစ်ရပ် တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဧပြီလ ၂၆ ရက် ဒီကနေ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
2021-04-26
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြိုဆိုကြောင်း ကချင်ပြည်နယ် ဖားကန့်မြိုမှာ ဒီနေ့ ဧပြီလ ၂၆ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ပါတယ်။
2021-04-26
ဧပြီ ၂၆ ရက်၊ ဒီနေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကား ၂၄ စီးနဲ့ အင်အား ၅၀၀ လောက် အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေနေလို့ ကျေးရွာ (၇) ရွာလောက်က ပြည်သူ ၁၅၀၀ ကျော်လောက်ဟာ နေအိမ်တွေ ကနေ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
2021-04-26
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေကျော်မှာ ဧပြီလ ၂၅ ရက်နေ့ ည ၈ နာရီဝန်းကျင်က ရပ်ကွက်နေပြည်သူတွေ သံပုံးတီးနေစဉ် စစ်ကောင်စီတပ်တွေ ဝင်လာပြီး လမ်းထဲကအိမ်တွေကို လေးခွတွေနဲ့ လိုက်ပစ်နေတာဖြစ်ပါတယ်။
2021-04-26
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ PSI စလောင်းတွေ တပ်ဆင်ထားရင် ဖြုတ်ဖို့နဲ့ ရပ်ကွက်၊ မြို့နယ်ကျော်ပြီး ရောက်ရှိလာသူရှိရင် ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့ မနက်မှာ ကားနဲ့ လှည့်လည်ကြေညာနေတယ်လို့ သိရပါတယ်။
2021-04-25
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ဘက်က တိုက်လေယာဉ်တွေသုံးပြီး တိုက်ခိုက်နေတယ်လို့ KIA စစ်ဆင်ရေးအရာရှိ တစ်ဦးက RFA ကို ပြောပါတယ်။