သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-25
အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မျိုးထွတ်က မိမိ တို့ မြန်မာအစိုးရအနေ နဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် အလေးထား ကြိုးပမ်းနေကြောင်းနဲ့ ၂ဝ၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရတက်လာချိန်ကစပြီး ၂ နိုင်ငံဆက်ဆံရေး သိသာထင်ရှားစွာ တိုးတက် လာခဲ့ကြောင်း ပြောကြားလိုက် ပါတယ်။
2014-03-25
ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အဓိကထားဆောင်ရွက်နေတဲ့ The Elders ခေါ် ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ က ခေါင်းဆောင်နှစ်ဦးဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ဒီနေ့ ရောက်ရှိလာပါတယ်။
2014-03-25
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Mr. Vijay Nambiar ဟာ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
2014-03-25
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကိုမပြင်ဖို့ ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေက လမ်းလျှောက်တောင်းဆိုခဲ့ကြပါတယ်။
2014-03-25
လာမယ့် ဧပြီလကုန်ကစပြီး အစိုးရဝန်ထမ်းတွေကို လစာငွေကျပ် ၂ သောင်းတိုးပေးဖို့ ထည့်သွင်း လျာထားတဲ့ ၂၀၁၄ -၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်း ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု လိုက်ပါတယ်။
2014-03-25
ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရှမ်းပြည်နယ် အတွင်း လစ်လပ်မဲဆန္ဒနယ် နေရာ ၄ နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပါတီဝင်တွေက သဘောထားပေးကြောင်း SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။
2014-03-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က မန္တလေးတိုင်း မိုးကုတ်မြို့မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက ကောက်နှုတ်တင်ပြထားပါတယ်။
2014-03-25
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးအတွက် ရန်ကုန်တိုင်း ဗဟန်း၊ မြောက်ဥက္ကလာနဲ့ ဒေါပုံမြို့နယ်တွေမှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထား ပါတယ်။
2014-03-25
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မန္တလေးမြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2014-03-25
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၁၅ဝ ကျော်ဟာ မတ်လ ၂၂ ရက်၊ စနေနေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ တွေ့ဆုံဆွေးနွေးကြပြီးနောက် ကော်မတီတရပ် ဖွဲ့စည်းလိုက် ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-03-25
သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ တောင်သူတွေ ပြန်လွှတ်ပေးဖို့ အတွက် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက လယ်သမားတွေ စုစည်းပြီး မတ်လ ၂၃ ရက်၊ မနေ့က ရန်ကုန်တိုင်း ကော့မှူးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2014-03-24
ဟံသာဝတီ နိုင်ငံတကာလေဆိပ် တည်ဆောက်ရေး စီမံကိန်း အတွက် ဘဏ္ဍာရေးဆိုင်ရာ လေလံတင်ဒါတွေ ကို အစိုးရက ထပ်မံခေါ်ယူနေပါတယ်။
2014-03-24
စင်္ကာပူ၊ ဟောင်ကောင်စတဲ့ နိုင်ငံရပ်ခြား ကို မြန်မာအိမ်ဖေါ်တွေ တရားဝင်တင်ပို့ ရာမှာ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဥပဒေတွေကို အစိုးရက ရေးဆွဲပြ ဌာန်းကြောင်း သိရပါတယ်။ အဲဒီဥပဒေတွေထဲမှာ မြန်မာ အိမ်ဖေါ်တွေဟာ လစဉ် အနည်းဆုံးလုပ်ခ အမေရိ ကန်ဒေါ်လာ ၄၅ဝ ရရမယ်၊ တစ်လကို အနည်းဆုံးတစ်ရက် အနားပေးရမယ်စတဲ့ ပြဌာန်းချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
2014-03-24
အစိုးရက လာမယ့်ဧပြီလကစပြီး လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ပြန်ပြီးသုံးသပ်ပေးဖို့အတွက် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုများ အဖွဲ့က မြို့တော်ခန်းမရှေ့မှာ မနေ့က ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2014-03-24
မြန်မာနိုင်ငံမှာ မဟာလျှပ်စစ် ဓါတ်အားပေးကြိုးလိုင်းတွေ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံက ယန်း ၂၄ ဘီလီယံ ထပ်မံ ချေးငှားမယ်လို့ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးကပြော ပါတယ်။