ဟံသာဝတီလေဆိပ် စီမံကိန်းတင်ဒါ ထပ်မံခေါ်ယူ


2014.03.24
mai-b305 မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI မှ လေယာဉ်တစ်စီး ရပ်နားနေပုံ ဖြစ်ပါသည်။
RFA

ဟံသာဝတီ နိုင်ငံတကာလေဆိပ် တည်ဆောက်ရေး စီမံကိန်း အတွက် ဘဏ္ဍာရေးဆိုင်ရာ လေလံတင်ဒါတွေ ကို အစိုးရက ထပ်မံခေါ်ယူနေပါတယ်။

ဟံသာဝတီလေဆိပ် စီမံကိန်းလုပ်ကိုင်ခွင့် လေလံ တင်ဒါ အောင်မြင်ခဲ့တဲ့  IIAC ခေါ် တောင်ကိုရီးယား အင်ချီယွန် နိုင်ငံတကာလေဆိပ် ကော်ပိုရေးရှင်း ဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့နဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅ဝဝ ရင်းနှီးမြှုပ်နှံရေးကိစ္စနဲ့ ပတ်သက်ပြီး အင်ချီယွန်ကုမ္ပဏီနဲ့ မြန်မာအစိုးရကြား ညှိနှိုင်းရာမှာ အခက်အခဲတချို့ရှိနေတဲ့အတွက် လေလံတင်ဒါကို ယာယီ ရပ်ဆိုင်းထားတာဖြစ်ကြောင်း၊ အင်ချီယွန် ကုမ္ပဏီမှာ နည်းပညာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီးရှိကြောင်း၊ ဒါကြောင့် ဘဏ္ဍာရေး ဆိုင်ရာ လေလံတင်ဒါတွေကိုသာ ထက်မံခေါ်ယူပြီး၊ နည်းပညာဆိုင်ရာတင်ဒါတွေ မခေါ်ယူကြောင်း လေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောပါတယ်။

အဲဒါကြောင့် တောင်ကိုရီးယား အင်ချီယွန်နဲ့အတူ ပထမလေလံအောင်ခဲ့ကြတဲ့ စင်္ကာပူ ချန်ဂီလေဆိပ်၊ ပြင်သစ် ဗင်စီလေဆိပ်နဲ့ ဂျပန် တာအီဆာအီလေဆိပ်တွေရဲ့ စီမံရေးကုမ္ပဏီတွေဟာ ဘဏ္ဍာရေးဆိုင်ရာ လေလံတင်ဒါကို ထပ်ပြီးတင်ကြရမှာဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး တင်ကြရမှာပါ။
ဟံသာဝတီ နိုင်ငံတကာလေဆိပ် တည်ဆောက်ရေးစီမံကိန်းဟာ လက်ရှိရန်ကုန်လေဆိပ်ကို ဝန်ပေါ့သွားအောင် ရည်ရွယ်တာဖြစ်ကြောင်းလည်း ဦးတင်နိုင်ထွန်းက ပြောပါတယ်။

ရန်ကုန်လေဆိပ်ဟာ တစ်နှစ်ကို ခရီးသည် နှစ်သန်း ခုနစ်သိန်းသာ လက်ခ့နိုင်ပေမဲ့ ၂ဝ၁၃ ခုနှစ်အတွင်း ခရီးသည် သုံးသန်း ခုနစ်သိန်း ရှိခဲ့တယ်လို့ဆိုပါတယ်။ ရန်ကုန်နဲ့မိုင်ငါးဆယ်အကွာက ဟံသာဝတီလေဆိပ်မှာ ခရီးသည်ပေါင်း တစ်နှစ် ၁၂ သန်းလောက် လက်ခံနိုင်အောင် တည်ဆောက်မယ်လို့ သိရပါတယ်။
ရန်ကုန်လေဆိပ်ဟာ တစ်ချိန်ကဒေသတွင်းမှာ အဓိကရလေကြောင်းသွားလာရေးဗဟို ဖြစ်ခဲ့သလို၊ လာမယ့် ၂ဝ၃ဝ မှာ မူလနေရာပြန်ရောက်ရမယ်လို့ မျှော်မှန်းထားကြောင်းလည်း ဦးတင်နိုင်ထွန်းက ပြောပါတယ်။

ဟံသာဝတီ နိုင်ငံတကာလေဆိပ် တည်ဆောက်ရေး စီမံကိန်းဟာလက်ရှိ ရန်ကုန်လေဆိပ်ကို ဝန်ပေါ့သွား အောင် ရည်ရွယ်တာဖြစ်ကြောင်းလည်း ဦးတင်နိုင်ထွန်းက ပြောပါတယ်။

ရန်ကုန်လေဆိပ်ဟာ တစ်နှစ်ကို ခရီးသည် နှစ်သန်း ခုနစ်သိန်း သာ လက်ခ့နိုငပေမဲ့၂ဝ၁၃ ခုနှစ်အတွင်း ခရီးသည်သုံးသန်း ခုနစ်သိန်း ရှိခဲ့တယ်လို့ဆိုပါတယ်။ ရန်ကုန်နဲ့မိုင်ငါးဆယ်အကွာက ဟံသာဝတီလေဆိပ်မှာ ခရီးသည်ပေါင်း တစ်နှစ် ၁၂ သန်းလောက် လက်ခံနိုင်အောင် တည်ဆောက်မယ်လို့ သိရပါတယ်။
ရန်ကုန်လေဆိပ်ဟာ တစ်ချိန်ကဒေသတွင်းမှာ အဓိကရလေကြောင်းသွားလာရေးဗဟို ဖြစ်ခဲ့သလို၊ လာမယ့် ၂ဝ၃ဝ မှာ မူလနေရာပြန်ရောက်ရမယ်လို့ မျှော်မှန်းထားကြောင်းလည်း ဦးတင်နိုင်ထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။