သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-21
လာမယ့် မတ်လပထမပတ်အတွင်း မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကို တက်ရောက်ဖို့အတွက် ကချင်ပြည် နယ် မြစ်ကြီးနားမြို့မှာ လူငယ်ဖိုရမ်ကို ဒီနေ့ စတင် ကျင်းပနေပြီး ကချင်ပြည်နယ်ကိုယ်စားပြု လူငယ် ကိုယ်စားလှယ်တွေကို ရွေးချယ်သွားမယ်လို့သိရပါတယ်။
2014-02-21
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီ အသင်းက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့က စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၄၂၀၀ အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို ကား ၆ စီးနဲ့ ဒီနေ့ လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2014-02-21
၁၃၀၀ ပြည့် အရေးတော်ပုံ ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားနဲ့ အဲဒီအရေးတော်ပုံ ကာလအတွင်းက မန္တလေးမြို့မှာ ကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးကို ဂါရဝပြုတဲ့ အခမ်းအနားကို မန္တလေးမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-02-21
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ကော်မရှင် ဥက္ကဌနဲ့ အတွင်းရေးမှူးကို အဆိုပြုလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားကို ဒီနေ့ တင်ပြတောင်းခံလိုက်ပါတယ်။
2014-02-21
မြန်မာနိုင်ငံတဝှမ်းက လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ အခုနှစ်စက်တင်ဘာလ နောက်ဆုံးထားပြီး ဖြေရှင်းပေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-02-21
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Mr. Tomas Quintana ဟာ အခုတခေါက် မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ မနေ့ညက ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။
2014-02-21
ငြိမ်းချမ်းရေး အဖွဲ့အစည်း နာမည်တွေကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာ စီးပွားရေးလုပ်ကိုင်သူတွေကို အစိုးရအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2014-02-21
ဥရောပသမဂ္ဂအဖွဲ့ EU က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို "လူစုလူဝေး စီမံခန့်ခွဲမှု" ဆိုင်ရာ သင်တန်းပေးနေတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အမှတ် ၈ ရဲတပ်ရင်းမှာ ဒီနေ့မနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-02-21
၆၆ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွေကို ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မြို့ သမိုင်းလမ်းဆုံအနီးမှာရှိတဲ့ လှိုင်မင်္ဂလာခန်းမမှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-02-20
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ ဗုဒ္ဓသာသနာ ထိခိုက်ညှိနွမ်းစေနိုင်တဲ့ ကိစ္စတွေနဲ့ မြန်မာနိုင်ငံမှာ ရှေ့လ ၃၀ ရက်နေ့ စတင်မယ့် သန်းခေါင်စာရင်း ကောက်ယူရေး စီမံချက်တို့အပေါ် ရှုမြင်သုံးသပ်ချက်တွေကို ဦးခင်မောင်ညိန်းက မေးမြန်းတင်ပြထားပါတယ်။
2014-02-20
၁၃၀၀ ပြည့်အရေးတော်ပုံကာလက မန္တလေးမြို့မှာ အင်္ဂလိပ်စစ်တပ်ရဲ့ လက်ချက်နဲ့ရဟန်းသံဃာနဲ့လူပုဂ္ဂိုလ် ၁၇ ဦးကျဆုံးခဲ့ရတဲ့ ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဒီနေ့မနက်ပြုလုပ်နေပြီဖြစ်ပါတယ်။
2014-02-20
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု အားကောင်းလာဖို့နဲ့ နိုင်ငံသားတိုင်းရဲ့ ဒီမိုကရေစီ အခွင့်အရေးကို အသိအမှတ်ပြုနိုင်ဖို့ ရည်ရွယ်ပြီး ဥရောပသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို “လူစုလူဝေး စီမံခန့်ခွဲမှုသင်တန်း” ပေးခဲ့ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ဥရောပသမဂ္ဂရုံးခွဲက ထုတ်ပြန်တဲ့ ကြေညာချက် မှာ ပြောထားပါတယ်။
2014-02-20
ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ လာမယ့် စက်တင်ဘာလကုန် နောက်ဆုံးထားပြီး လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက် ရမယ်လို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2014-02-20
နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေး ထားတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းရေးကော်မရှင်အဖွဲ့ ဟာ မောင်တောမြို့နယ်မှာ ၅ ရက်ကြာ စစ်ဆေးမေးမြန်း တာတွေ ပြုလုပ်ခဲ့ပြီး ဒီကနေ့ စစ်တွေမြို့ကို ရောက်ရှိလာ ပါတယ်။
2014-02-20
RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို နေ့စဉ် အချိန်နဲ့တပြေးညီ ထုတ်လွှင့်ပေးနေပါတယ်။ အဲဒီလို ထုတ်လွှင့်ဖို့အတွက် ဝါရှင်တန်ဒီစီမြို့တော် ရုံးချုပ်မှာရှိတဲ့ RFA ဝန်ထမ်းတွေရဲ့ နေ့တဓူဝလုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြချင်ပါတယ်။ RFA ဝိုင်းတော်သား ဦးခင်မောင်ညိန်းက တင်ပြပေးမှာပါ။