သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-26
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မန္တလေးခရိုင် အတွင်းရေးမှူး ကိုရဲ ရင့်ပိုင်မှူးကို ဒီမိုကရေစီ ပညာရေးတောင်း ဆိုလှုပ်ရှားမှုတွေကြောင့် သက်ဆိုင်ရာက ပြီးခဲ့တဲ့ သော ကြာနေ့မှာ ဖမ်းဆီးလိုက်ပြီး၊ အိုးဘို အကျဉ်းထောင်မှာပို့ထား တယ်လို့သိရပါတယ်။
2015-12-26
ရေနံမြေအလုပ်သမားတွေရဲ့ဆုံးရှုံးနစ်နာ မှုတွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲတစ်ခု ကို ရေနံချောင်းမြို့မှာ ဒီဇင်ဘာလ ၂၆ နဲ့ ၂၇ ရက်၊ နှစ်ရက်တာပြုလုပ်နေပါတယ်။
2015-12-26
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့တဲ့ ဆိုက်ကားဆရာတွေရဲ့ စိတ်ဓာတ်ဟာ တချို့ ကိုယ်စားလှယ်လောင်းတွေရဲ့ စိတ်ဓာတ်ထက် ပိုပြီး မြင့်မြတ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောကြား လိုက်ပါတယ်။
2015-12-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကန်ခမ်စုပေါင်းမြေ စာပုံမှာ ဒီဇင်ဘာ ၂၅ ရက် မနေ့ညနေပိုင်း က မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာနေသူ ၃ဝ ကျော် မြေစာပုံထဲ ပိတ်မိနေတယ်လို့ သတင်း ထွက်နေပေမယ့် အခုအချိန်ထိ ရှာမတွေ့သေးဘူးလို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
2015-12-26
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို Koh Samui ခရိုင် တရားရုံးက သေဒဏ် ချမှတ်လိုက်တဲ့အတွက် တစ်နိုင်ငံလုံးက မြို့ကြီးတွေ အများအပြားမှာ ကန့််ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေကြ ပါတယ်။
2015-12-26
ထိုင်းနိုင်ငံတောင်ပိုင်းက ခိုတောင်ကျွန်း လူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ဦး ကို သေဒဏ် ချမှတ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဆန္ဒပြတာတွေ မလုပ်ဖို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် သတိပေးထား တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါတယ်။
2015-12-26
ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်မြို့မှာ ဒီနေ့ မနက်စောစောပိုင်းက ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပါွးလို့ လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒါဏ်ရာ ရရှိခဲ့ပါတယ်။
2015-12-25
မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို ထိုင်းတရားရုံး က သေဒဏ်ချမှတ်လိုက်တဲ့ အတွက် ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့ မှာ မြန်မာနိုင်ငံသားတွေ ဒီဇင်ဘာ ၂၄ရက်နေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-12-25
ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်တဲ့အပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ်ကို ဒီကနေ့ စာပေးပို့လိုက်ပါတယ်။
2015-12-25
မနက်ဖြန်- ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ်တော်မွေးဖွားတဲ့နေ့ ဖြစ်ပါတယ်။ ခရစ်စမတ်နေ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆုတောင်းစကားတွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်းတင်ပြထားပါတယ်။
2015-12-25
ရန်ကုန်တိုင်း လှိုင်သာသာမြို့နယ် စက်မှုဇုံ-၄ မှာရှိတဲ့ "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ရာကျော်ဟာ လုပ်ခလစာ အပြည့်မရတဲ့အတွက် ဒီဇင်ဘာလ ၂၄ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-12-25
ရှမ်းပြည်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင် ကားလမ်းတလျှောက်မှာ နေ့စဉ်နီးပါး လမ်းပိတ်ဆို့နေပြီး၊ ခရီးသည်တွေ လမ်းပေါ်မှာ ညအိပ်စောင့်ရတဲ့ အထိ ဖြစ်လာနေပါတယ်။
2015-12-24
မြန်မာပြည်သူပြည်သားတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး အတွက် ဆောင်ရွက်ကြဖို့ မြန်မာပြည်ရဲ့ ပထမဆုံး ကာဒီနယ် ရဟန်းအမတ်ဖြစ်တဲ့ ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုက ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန် တဲ့ သူ့ရဲ့ ခရစ်စမတ်နှုတ်ခွန်းဆက်စကားထဲမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-12-24
ကချင်ပြည်နယ် ဖားကန့်ဒေသကို တရုတ်ပြည်က မြေတူးစက်ကြီးတွေ နဲ့ မြေသယ်ကားကြီးတွေ ရောက်လာပြီး အလွန်အကျွံ ကျောက်စိမ်းတူးဖေါ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စုံစမ်းရေးအရင်ဆုံးလုပ်မယ့်အစား၊ အဲ့ဒီလုပ်ငန်းတွေ ချက်ချင်းရပ်ဖို့ ညွှန်ကြားသင့်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။
2015-12-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်မယ့် အခြေအနေ နီးစပ်နေပြီလို့ NLD သဘာပတိအဖွဲ့ ဥက္ကဌ သူရဦးတင်ဦးက RFA ကို မနေ့က ပြောလိုက်ပါတယ်။