သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-18
အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ အစိုးရိမ်ရဆုံး ၈ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။
2010-11-18
နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်တရက်မှာပဲ AungSan SuuKyi (People's Voices) ဆိုတဲ့ အမည်တပ်ထားတဲ့ စာမျက်နှာတွေဟာ အင်တာနက် face book ပေါ်မှာ အမြန်ပြန့်နှံ့လာခဲ့ပါတယ်။
2010-11-17
ရန်ကုန် စစ်တွေ ရထားလမ်း ဖောက်လုပ်ဖို့ ဆိုပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေက ရှေးဟောင်း အဆောက်အအုံတွေကို အာဏာပိုင်တွေက နိုဝင်ဘာလဆန်းကစပြီး အကြီးစား စက်တွေ သုံးပြီး ဖျက်ဆီးတာတွေ ရှိနေတဲ့အတွက် ဒေသခံတွေက တားမြစ်နိုင်ဖို့ စီစဉ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2010-11-17
ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့မှ မဇိုရာဖန်နှင့် တွေ့ဆုံမေးမြန်းခန်းကို တင်ပြထားပါသည်။
2010-11-17
တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှခွင့် ရရှိရေးကို အာမခံမဲ့ စစ်မှန်သော ပြည်ထောင်စု ပေါ်ပေါက်ရေးဟာ အဓိက လိုလားချက်ဖြစ်ပြီး အဲဒီလိုလားချက်ကို အကောင်အထည်ဖော်မဲ့သူ ဘယ်သူနဲ့မဆို လက်တွဲ ဆောင်ရွက်သွားမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ RFA ကို ပြောပါတယ် ။
2010-11-17
ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံရခြင်းဆိုင်ရာ အငြင်းပွားမှုတွေနဲ့ မသမာမှုတွေကို ကန့်ကွက်လိုပါက ပြဌန်းထားတဲ့ နည်းဥပဒေများနဲ့ အညီ ဆောင်ရွက်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီများကို သတိပေးစာများ ပေးပို့ထားတယ်လို့ သိရပါတယ်။
2010-11-17
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်က အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ အတွက် အများပြည်သူကနေ ကူညီထောက်ပံမှုတွေ ပေးဖို့ အကူအညီ တောင်းခံလိုက်ပါတယ်။
2010-11-17
ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့မှ မဇိုရာဖန်နှင့် တွေ့ဆုံမေးမြန်းခန်းကို တင်ပြထားပါသည်။
2010-11-17
မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ အထွေထွေ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အာဏာရှိထားတဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပြည်သူလူထု တခဲနက် ထောက်ခံမှု ရထားတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးမှ ဖြစ်လိမ့်မယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က သခင်ချန်ထွန်းက ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
2010-11-17
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ဂီရိ ဆိုင်ကလုံး မုန်တိုင်း တိုက်ခိုက်ခဲ့တာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူ လူဦးရေ တသိန်းကျော ်ရှိနေပြီး၊ ဒုက္ခသည်တွေကို အကူအညီပေးရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက သတင်းထုတ်ပြန်ပါတယ်။
2010-11-16
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။
2010-11-16
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် နိုင်ငံတကာ သံတမန်တွေနဲ့ နိုဝင်ဘာ ၁၅ ရက် မနေ့က တကြိမ်၊ ဒီကနေ့ တကြိမ် တွေ့ဆုံနေရာမှာ ဒီကနေ့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့က သံတမန်တွေနဲ့ သီးသန့်စီ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2010-11-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တရားဝင် ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ တရားရုံးကို တိုက်ရိုက် တင်ပြ တိုင်ကြားထားတဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရန်ကုန် တရားရုံးချုပ်ကို ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက သွားရောက်ပြီး ကျမ်းကျိန်လွှာ လက်မှတ်ရေးထိုးတယ်လို့ စုံစမ်း သိရှိရပါတယ်။
2010-11-16
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်သလို ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကိုပါ လွှတ်ပေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2010-11-16
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် AI- Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာပြည်တွင်းကို ရေဒီယို အလုံးရေ တသောင်း အခမဲ့ ထပ်မံ ပေးပို့နေပါတယ်။