သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-25
လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းဒေသက လျော်ကြေးယူမထားတဲ့လယ်တွေမှာ ဝမ်ပေါင်နဲ့ဦးပိုင်ကုမ္ပဏီတို့က သီးနှံတွေနဲ့ စိုက်ခင်းများ အပေါ် မြေတူးစက်တွေဖြတ်မောင်းပြီး ခြံစည်းရိုးကာ ခဲ့တာကြောင့် ပျက်စီးသွားတဲ့သီးနှံတွေ အတွက် လျော်ကြေးပေးဖို့ ဒေသခံလယ်သမားတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2013-10-25
မြန်မာနိုင်ငံ အာဆီယံဥက္ကဌ တာဝန်ယူဆောင်ရွက်တာကို ထောက်ခံ အားပေးကူညီတဲ့အနေနဲ့ ဥရောပတိုက် ဟန်ဂေရီနိုင်ငံက အမေရိကန်ဒေါ်လာ ၄ သောင်းကျော် တန်ဖိုးရှိတဲ့ အဆင့်မြင့်ကွန်ပျူတာ အထောက်အကူပြု ပစ္စည်းတွေ ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။
2013-10-25
ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်နေ့က အစိုးရတပ်များ ဗန်းမော်မြို့အနီး မန်စီမြို့နယ်အတွင်းရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို ဝင်ရောက်ခြင်းဟာ နယ်မြေကျွမ်းကျင်မှုရရှိရန်နဲ့ ပြည်သူ များနဲ့ ထိတွေ့နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် က ပြောဆိုပါတယ်။
2013-10-25
တိုင်းရင်းသားမျိုးနွယ်စုတွေ အချင်းချင်း အပြန်အလှန်လေးစားပြီး အမျိုးသားပြန် လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ရေရှည်တည် တံ့အောင်မြင်အောင်လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2013-10-25
မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင် တဲ့ အကြမ်းဖက်ပဋိပက္ခတွေဟာ ပြုပြင်ပြောင်းလဲရေး ကို အကြီးအကျယ် ခြိမ်းခြောက်နေသလို၊ လူ့အခွင့် အရေး အခြေအနေဟာ စိုးရိမ်စရာအနေအထားမှာ ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သော မတ်စ်ကင်တားနားက ပြောလိုက်ပါတယ်။
2013-10-25
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းက ပြီးခဲ့တဲ့ ပညာသင် နှစ်ကစပြီး တက္ကသိုလ်အဆင့် ထူးချွန်တဲ့ ကျောင်းသူ ကျောင်းသား ၂၀၀ ကို ဘွဲ့ရရှိတဲ့ အထိ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
2013-10-25
လာမယ့် ၂ဝ၁၄ ခုနှစ် မေလမှာ ASEAN အရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ ထိပ်သီးညီလာခံကို နေပြည်တော်မှာ ပထမဆုံးအကြိမ် ကျင်းပတော့မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ASEAN ဒေသတွင်းက လူမှုအဖွဲ့အစည်းတွေကလည်း ASEAN လူထုညီလာခံကို လာမယ့်နှစ်ဧပြီလမှာ စတင်ကျင်းပဖို့ ပြင်ဆင်ာနေကြပါတယ်။ ASEAN လူထုညီလာခံအကြောင်း ထိုင်းနိုင်ငံအခြေစိုက် Burma Partnership မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့က ဒေါ်ခင်ဥမ္မာကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-25
သမ္မတဦးသိန်းစိန်အနေနဲ့ လာမယ့် သမ္မတသက်တမ်းအတွက် ဆက်လက်ရွေးချယ်ခံမှာ မဟုတ်တော့ဘူးလို့ ပြောဆိုကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အတည်ပြုပြောလိုက်ပါတယ်။ နေပြည်တော် လွှတ်တော်အတွင်းကခန်းမတစ်ခုမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း သူ့အနေနဲ့ မူဘောင်အတွင်းက ဆောင်ရွက်သွားမယ်လို့ ဦးရွှေမန်းက ပြောပါတယ်။ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-25
မွန်ပြည်နယ် သံဖြူဇရပ်မြိုနယ်က ကျိုက်က္ခမီ ရေလယ်ဘုရားပွဲဟာ ဒီနှစ်မှာ ထိုင်းနိုင်ငံသား ဘုရားဖူးတွေပါ လာရောက်လည်ပတ်ကြတဲ့အတွက် အထူးစည်ကားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-10-25
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာမှာ ပါဝင်မယ့်အချက်တွေနဲ့ ပတ်သက်ပြီး မူကြမ်းတစ်ခု ရေးဆွဲထားတယ်လို့အစိုးရ ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီက ပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပတဲ့ "အရပ်ဖက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်" မှာ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတစ်ဦးက အခုလို ပြောခဲ့တာပါ။ RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2013-10-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့က အိမ်တွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ရိုးရာခမောက်နဲ့ ယပ်တောင်လုပ်ငန်းအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။
2013-10-25
မြောက်ပိုင်း အိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေး အတွေ့အကြုံတွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ရပါလိမ့်မယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2013-10-25
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတချို့ပြန်လည်ဖြစ်ပွားနေရာမှာ အစိုးရတပ်တွေက ကချင်ဒုက္ခသည်တွေရှိရာ ကျေးရွာ ၂ ရွာကို လက်နက်ကြီးတွေ သုံးစွဲပစ်ခတ်ခဲ့တယ်ဆိုပြီး ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO က အောက်တိုဘာလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
2013-10-24
ချင်းပြည်နယ်မှာနေထိုင်ကြတဲ့ ဇိုမီးတိုင်းရင်းသားတွေကို သီးသန့်တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းသွားမယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒီနေ့ထုတ်ပြန် ကြေညာ လိုက်ပါတယ်။
2013-10-24
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက ဦးဆောင်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ့်အချက်တွေနဲ့ ပတ်သက်ပြီး အစိုးက မူကြမ်းရေး ဆွဲထားပြီးဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။