ဒုက္ခသည်စခန်းတွေကို အစိုးရတပ်က တိုက်ခိုက်ဟု KNO ပြောကြား
2013.10.25
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတချို့ပြန်လည်ဖြစ်ပွားနေရာမှာ အစိုးရတပ်တွေက ကချင်ဒုက္ခသည်တွေရှိရာ ကျေးရွာ ၂ ရွာကို လက်နက်ကြီးတွေ သုံးစွဲပစ်ခတ်ခဲ့တယ်ဆိုပြီး ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO က အောက်တိုဘာလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ စပ်လျဉ်းပြီး KNO ကဖွဲ့စည်းထားတဲ့ KNC ကချင်အမျိုးသားကောင်စီ အတွင်းရေးမှူးချုပ် Hkanhpa Sadan ခန့်ဖာ ဆာဒင် ကို ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။