သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-19
ဂီရိမုန်တိုင်း ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကျောက်ဖြူမြို့ကို ရောက်ရှိနေတဲ့ NLD နဲ့ CRPP အဖွဲ့ဝင်တွေဟာ မြေပုံမြို့နယ် အတွင်းက ချင်းတိုင်းရင်းသား အများစု နေထိုင်ရာ ရွာတရွာကို ဒီကနေ့သွားရောက်ပြီး ဆန်၊ အမိုးအကာနဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2010-12-19
“သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့ လိမ်ညာလှည့်ဖျားတာကို မိမိတို့ ခံနေရတယ်” ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန အရာရှိတဦးက အမေရိကန် ကောင်စစ်ဝန်ကို ပြောဆိုခဲ့ကြောင်း အခုရက်ပိုင်းအတွင်း WikiLeaks အဖွဲ့က နောက်ထပ် ပေါက်ကြားလိုက်တဲ့ အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်း မှတ်တမ်းတခု မှာ ဖော်ပြထားပါတယ်။
2010-12-19
နေအိမ်အကျယ်ချုပ်ဘဝမှာ ပန်းချီရေးဆွဲခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်စပ်ပြီး ပန်းချီအနုပညာခံစားမှု အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2010-12-19
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချိန်ပြည့် အထူးကိုယ်စားလှယ် ခန့်အပ်နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ တချို့က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
2010-12-19
ထိုင်း၊ တရုတ်နဲ့ အိန္ဒိယ သုံးနိုင်ငံနယ်စပ်မှာ နယ်စပ် ကုန်သွယ်ရေးစခန်း ၇ ခု ထပ်မံ တိုးချဲ့ ဖွင့်လှစ်သွားမယ်လို့ မြန်မာစစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါတယ်။
2010-12-18
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ အရှင်ဂန္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။
2010-12-18
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ချွတ်ယွင်းချက် အားနည်းချက်တွေ အများအပြား ရှိနေပေမယ့် ရွေးကောက်ပွဲ ကျင်းပတာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာတွေ ဟာ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။
2010-12-18
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ အဖွဲ့ဝင် ၁၃ ဦးအထိ တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2010-12-18
မြန်မာနိုင်ငံမှာ ညူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သံသယဖြစ်စရာ နေရာတွေကို လာရောက်စစ်ဆေးခွင့် ပြုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက မကြာသေးခင် လပိုင်းတွေအ တွင်း စစ်အစိုးရကို စာရေးသား တောင်းဆိုထားကြောင်း ဒီကနေ့ ထုတ်ဝေတဲ့ Wall Street Journal သတင်းစာက ရေးသားလိုက်ပါတယ်။
2010-12-18
အင်တာနက်ဆိုင်တွေကနေ မြန်မာစစ် အစိုးရပိုင် MPT အင်တာနက်ဆာဗာကို တိုက်ခိုက်နေတယ်ဆိုပြီး ရန်ကုန်မြို့က အင်တာနက်ကဖေး တချို့ကို အာဏာ ပိုင်တွေက ယာယီ ပိတ်လိုက်တယ်လို့ သိရပါတယ်။
2010-12-18
အမေရိကန် သမ္မဟောင်း George W Bush ရဲ့ ဇနီး Mrs. Laura Bush ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ သိရပါတယ်။
2010-12-18
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်ပိုင်းကို လူငယ်ခေါင်းဆောင်တွေနဲ့ အစားထိုး ပြင်ဆင်ဖွဲ့စည်းဖို့ အစီအစဉ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2010-12-17
`လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`မေးဖြေခန်း ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်မှာတော့ ကိုမောင်ကျော် (ကနေဒါ)၊ ကိုရွှေသွေး (နော်ဝေ)၊ ကိုမျိုးသိန်း (ဗြိတိန်)၊ Ms. Janelle Saffin (သြစတြေလျား)၊ ဒေါက်တာ တင်မိုးသူ (အမေရိကန်)၊ ကိုမျိုးမင်းအောင် (ထိုင်းမြန်မာနယ်စပ်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2010-12-17
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခံခဲ့ရတဲ့ အဲန်အယ်လ်ဒီ အဖွဲ့ဝင် ၁၄ ဦးထဲက တနင်္သာရီတိုင်း ကော့သောင်းအကျဉ်းထောင်မှာ ရောက်ရှိနေတဲ့ တွံတေးမြို့နယ် စည်း အဖွဲ့ဝင် ဦးချစ်ခင်လည်း ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် မနက်မှာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
2010-12-17
အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် မှာ ရာဇဝတ်မှု လျော့ပါးရေးအတွက် အဲဒီ ပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာပြည်သား ဦးရေ သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ သိရပါတယ်။