ရန်ကုန် အင်တာနက်ဆိုင်တချို့ အပိတ်ခံရ
2010.12.18

(Photo: RFA/Tyler Chapman)
ရန်ကုန်မြို့ လပြည့်ဝန်း ပလာဇာမှာ ဖွင့်လှစ်ထားတဲ့ နာမည်ကြီး အင်တာနက်ကဖေးဆိုင် တခုကိုလည်း အင်တာနက်လိုင်း ချပေးထားတဲ့ Red Link ကုမ္ပဏီကနေ လိုင်းပိတ်ခဲ့သလို ဆိုင်ရှင်ကို ကြာသပတေးနေ့က အထူးရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့တယ်လို့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။
ဒီ အင်တာနက်ဆိုင်တွေမှာ အင်တာနက် အသုံးပြုသူတွေဟာ အစိုးရ အင်တာနက် စာမျက်နှာတွေကို ထိုးဖောက် တိုက်ခိုက်နေတဲအတွက် ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ ငြိစွန်းနေလို့ ယာယီ ပိတ်လိုက်ကြောင်း မြန်မာ ဆက်သွယ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။