သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-27
ငလျင်ကြောင့် ပြိုကျသွားတဲ့ ပုဂံဘုရားတွေကို ယူနက်စကိုအဖွဲ့က ဦးဆောင်ပြီး ပုဂံခေတ် ရှေးဟောင်းဘုရားတွေ ပုံစံအတိုင်း ပြုပြင် မွမ်းမံသွားမယ်လို့ ယူနက်စကိုရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုး က ပြောပါတယ်။
2016-08-27
သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားတဲ့ဘုရား အများစုဟာ ၁၉၇၅ ခုနှစ် ငလျင်နောက်ပိုင်း မှာ ပြင်ဆင် ထားတဲ့အပိုင်းတွေ ဖြစ်တဲ့အတွက် အသစ်ပြန်မပြင်ဘဲ ဒီအတိုင်းထားဖို့လို တယ်လို့ ပုဂံအကြောင်းကို နှစ်ပေါင်း ၅ဝ ကျော်လေ့လာ ခဲ့တဲ့ သမိုင်းသုတေ သန ပညာရှင် ဆရာဦးနန်းလှိုင်က ပြောပါတယ်။
2016-08-27
ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက စစ်တွေမြို့မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရပ်မိရပ်ဖတွေကို ဒီနေ့ ရှင်းပြခဲ့ပါတယ်။
2016-08-27
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ဂျပန်ဦးနှောင်ရောင်ရောဂါအတွက် ကာကွယ်ဆေးကို ကျန်းမာရေး ဌာနက ဒီနေ့ လားရှိုးမြို့ ရပ်ကွက်တွေမှာ အခမဲ့လိုက်လံ ထိုးပေးနေပါတယ်။
2016-08-26
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ တောင်သူတွေကို ထပ်ခါတလဲလဲ တရားစွဲဆိုနေတာတွေ ရပ်တန့်ပေးဖို့ ဒေသ ခံတောင်သူ ၃ ရာနီးပါး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-08-26
နိုင်ငံတော်အတိုင်ပင်ခံ ဝန်ကြီးဌာနက ဖွဲ့စည်းလိုက် တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် နဲ့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်နေတဲ့အတွက် အမျိုးသားရေးအသိ၊ လုံခြုံရေးသတိနဲ့ စောင့်ကြည့် သွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2016-08-26
အစိုးရက ရခိုင်ပြည်နယ် ပြဿနာတွေကို ဖြေ ရှင်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်တဲ့အပေါ် ကြိုဆိုသူတွေ ရှိသလို ကန့်ကွက်သူတွေနဲ့ စိုးရိမ် မှုတွေလည်းရှိနေကြပါတယ်။
2016-08-26
ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးအပါအဝင် တပ်မတော် အရာရှိကြီး ၈ ဦးကို တပ်မတော် ထိပ်တန်းရာ ထူးတွေကို တိုးမြှင့်ခန့်ထား လိုက်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
2016-08-26
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်း ဘုရားပုထိုးစေတီ အများစုဟာ ပြန် လည် ပြုပြင်ထားတဲ့ စေတီတွေဖြစ်ပြီး ရှေးဟောင်းလက်ရာ အနည်းငယ်သာထိခိုက်မှုရှိတယ်လို့ UNESCO ကုလသမဂ္ဂ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့အစည်းက ပြောပါတယ်။
2016-08-26
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆေးရုံကုန်းအနီးက ဟိုနားကျေးရွာမှာ မနေ့က ညနေ ၆ နာရီလောက်မှာ အစိုးရတပ်မတော်နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံတချို့ ဒဏ်ရာရရှိခဲ့ပြီး လားရှိုးဆေးရုံမှာ ရွာသား ၂ ဦး ဆေးကုသမှုခံယူနေ ရပါတယ်။
2016-08-26
၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကာလနဲ့ နောက်ပိုင်းနှစ်တွေ မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူ ခဲ့တဲ့ သုံးရောင်ခြယ်အဖွဲ့ဝင်တွေက သူတို့အဖွဲ့ ဖွဲ့စည်းတဲ့ ၂၈ နှစ်မြောက် အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-08-26
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံက စေတီပုထိုး ၃၄ ဆူကို အစိုးရက ဝင်ရောက်ဖူးမျှော်ခွင့် ပိတ်ထားလိုက်ပါတယ်။
2016-08-26
ကျေးလက်ဒေသက အခြေခံ ပညာကျောင်းတွေမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေ အတွက် ဝန်ထမ်းအိမ်ရာတွေကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုရန်ပုံငွေရရှိမယ်ဆိုရင် ဦးစားပေးဆောက်လုပ်ပေး သွားမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောပါတယ်။
2016-08-26
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် မှာ နိုင်ငံတကာကပုဂ္ဂိုလ်တွေ ပါဝင်နေတာ ဟာ နိုင်ငံတကာအရေး ကိစ္စတစ်ခုအဖြစ် ဦးတည်စေတာကြောင့် သတိထားစောင့်ကြည့်သွားမယ် လို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီက သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2016-08-26
၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့" ပျိုးခင်းဘေးက တေးသံ " လူငယ်ဖွံ့ဖြိုးရေး အစီအစဉ် ဖြစ်ပါတယ်။