နမ့်ခမ်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွား


2016.08.26
nantkham-injure-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာမှာ အစိုးရတပ်နဲ့ TNLA တပ် တိုက်ပွဲတွေကြောင့် ဒဏ်ရာရခဲ့သူနှစ်ဦးကို လားရှိုးဆေးရုံမှာ သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆေးရုံကုန်းအနီးက ဟိုနားကျေးရွာမှာ မနေ့က ညနေ ၆ နာရီလောက်မှာ အစိုးရတပ်မတော်နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံတချို့ ဒဏ်ရာရရှိခဲ့ပြီး လားရှိုးဆေးရုံမှာ ရွာသား ၂ ဦး ဆေးကုသမှုခံယူနေရပါတယ်။

လားရှိုးဆေးရုံကို ရောက်ရှိနေတဲ့ နမ့်ခမ်းမြို့နယ် ဟိုနားရွာသား ကိုမိုင်းလုမ်းအောင်က ၂ယောက်စလုံးဟာ လက်နက်ကြီးထိမှန်တာလို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပန်လော်ကျေးရွာ၊ ကောင်တပ်ကျေးရွာတွေမှာလည်း လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ နမ့်ခမ်းမြို့နဲ့ တစ်မိုင်ခန့်သာကွာဝေးတယ်လို့ဒေသခံက ပြောပါတယ်။

TNLA က ဗိုလ်မှူးကြီး တာဖုန်းကျော်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ နမ့်ခမ်းမြို့နားမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အတည်ပြုပြောပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။