သုံးရောင်ခြယ် ၂၈ နှစ်မြောက် အခမ်းအနားကျင်းပ


2016.08.26
3colours-org-620.jpg သုံးရောင်ခြယ်အဖွဲ့ ဖွဲ့စည်းခြင်း၂၈ နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က ပြဿဒ်ကျောင်းမှာ သြဂုတ်လ ၂၆ ရကေ်န့ကပြုလုပ်ခဲ့စဉ်
Photo: Htet Arkar/RFA

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလနဲ့ နောက်ပိုင်းနှစ်တွေမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူခဲ့တဲ့ သုံးရောင်ခြယ်အဖွဲ့ဝင်တွေက သူတို့အဖွဲ့ ဖွဲ့စည်းတဲ့ ၂၈ နှစ်မြောက် အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

သုံးရောင်ခြယ်အဖွဲ့ ပေါ်ပေါက်လာရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးမြတ်စံ က အခုလို ပြောပါတယ်။

"လွန်ခဲ့တဲ့ ၂၈ နှစ်က ရွှေတိဂုံအနောက်ဘက်မှာလုပ်ခဲ့တဲ့ နေ့ရက်တွေပေါ်မှာ အကြောင်းပြုပြီး ဒီကနေ့ နှစ်ပတ်လည်အခမ်းအနားကို လုပ်ရတာဖြစ်ပါတယ်၊ သုံးရောင်ခြယ်လို့ ပေါ်ပေါက်လာရတာက အဲ့ဒီ့ချိန်အဲ့ကာလ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ ၈ လေးလုံးလှုပ်ရှားမှုအပြီးမှာ ဗမာပြည်နိုင်ငံရေးရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးခေါင်ဆောင်တစ်ဦးကို အမှန်တကယ်လိုအပ်တယ်၊ အဲ့သလို လိုအပ်တဲ့ခေါင်းဆောင်တစ်ယောက်ကို နိုင်ငံရေးလှုပ်ရှားမှုနဲ့ မွေးဖွားလာတဲ့ ကျနော် တို့ကျောင်းသားတွေက စုစည်းပြီးတော့ ၂၆ ရက် ၈ လ ၈၈ ရွှေတိဂုံအနောက်မုဒ်မှာကျင်းပတဲ့ ပါတီစုံ လူထုအစည်းအဝေးကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မိန့်ခွန်းပြောပြီးတော့ ဗမာပြည်နိုင်ငံရေး ထဲကို ပါဝင်လာဖို့ ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်"

၂၈ နှစ်ပြည့်ပွဲကို သုံးရောင်ချယ်အဖွဲ့ဝင် ၆၀ လောက်တက်ရောက်ပြီး ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် က ပြဿဒ်ကျောင်းမှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီးဟာလည်း သုံးရောင်ခြယ် ကျောင်းသားအဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။

သုံးရောင်ခြယ်ကျောင်းသားအဖွဲ့ကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုတာဝန်ယူဖို့ အဲ့ဒီအချိန်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။