ပျက်စီးတဲ့ စေတီတော်တွေကို ဖူးခွင့်ပိတ်ထား


2016.08.26
saytanargyi-620.jpg ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံမြို့က စေတနာကြီးဘုရားကို သြဂုတ်လ ၂၄ ရက်နေ့ကတွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံက စေတီပုထိုး ၃၄ ဆူကို အစိုးရက ဝင်ရောက်ဖူးမျှော်ခွင့် ပိတ်ထားလိုက်ပါတယ်။

ပျက်စီးမှုကြီးမားတဲ့ စေတီတွေကို ဝင်ရောက်ခွင့်ပိတ်ထားတာဖြစ်ပြီး အနည်းအကျဉ်းပဲထိခိုက်တဲ့ စေတီတွေ ကိုတော့ ဝင်ရောက်ခွင့်ပြုထားတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။

"အများကြီးပြိုတဲ့ဘုရားတွေကို ပြိုတယ်ဆိုတာ ထိပ်ပိုင်းက ပြိုကျတော့ အောက်မှာ အင်္ဂတေတွေ ဘာတွေ ပလဲသွားတာပေါ့နော်။ အဲ့ဒါမျိုးတွေ ပိတ်ထားတာပါ။ အာနန္ဒာတို့ ဘာတို့ အကုန်ဖွင့်ထားတယ်။ သဗ္ဗေညုတို့ အကုန်ဖွင့်ထားတယ်။ ထီးလိုမင်းလိုတောင် ဖွင့်ထားတယ်။စူဠာမဏိတို့ စေတနာကြီးဘုရား တို့လိုပေါ့နော်။ အထိများသွားပြီးတော့ အောက်မှာ အင်္ဂတေတွေပြန့်ကျဲပြီး ကျွန်တော်တို့ သန့်ရှင်းရေး မလုပ်ရသေးဘူး။ အဲဒါ မျိုးလေးတွေ ပိတ်ထားတာပါ။ ဟိုဘုရားသေးသေးလေးတွေ အကုန်ဖွင့်ထား တယ်။ သေးသေးလေး ပျက်စီးတဲ့ဘုရားတွေ အကုန်ဖွင့်ထားတယ်"

ဒါ့အပြင် အခုပိတ်ထားတဲ့ စေတီတော်တွေက အပျက်အစီးတွေကို ရှင်းလင်းပြီး ပြန်ဖွင့်လို့ရတဲ့ စေတီတော်တွေကို မကြာမီရက်ပိုင်းအတွင်းမှာ ပြန်ပြီးဖွင့်ပေးသွားမယ်လို့လည်း ဦးသိန်းလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ၆.၈ ပြင်းအား ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ပုဂံက စေတီတော် ၁၈၇ ဆူ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။