သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-26
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံးအကြိမ်ညီလာခံကို လာမယ့် မေလ ၃ဝ နဲ့ ၃၁ ရက်နေ့ စစ်တွေမြို့မှာ ကျင်းပသွားဖို့ ပါတီဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
2019-04-26
အကျဉ်းထောင် ၇ ခုက အကျဉ်းသားတွေကို တတိယ အသုတ်အဖြစ် လွှတ်ပေးရာမှာ အများက ဝေဖန်ထောက်ပြမူတွေရှိနေတဲ့ နာမည်ကြီး အကျဉ်းသားတွေ ပါဝင်နိုင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2019-04-26
ဒီနေ့ရဲ့ နေ့အပူချိန်တွေဟာ မြို့နယ် ရှစ်မြို့နယ်မှာ စံချိန်တင် မြင့်မားနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2019-04-26
ကချင်ပြည်နယ်က တိုက်ပွဲကြား ပိတ်မိပြည်သူလွတ်မြောက်ရေး တောင်းဆိုခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့နှစ်ဦးဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်လာခဲ့ပါတယ်။
2019-04-26
မြောက်ဦးမြို့နယ်မှာ တပ်မတော်က ဖမ်းဆီးထားတဲ့ လက္ကာကျေးရွာ ဒေသခံတွေကို မကြာခင် ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့လက်ထဲ လွှဲအပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
2019-04-26
တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ မနေ့က မြန်မာ- တရုတ် နှစ်နိုင်ငံသဘောတူ နားလည်မှုစာချွန်လွှာ၊ သဘောတူ စာချုပ်များချုပ်ဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-04-26
ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ မနေ့ညနေပိုင်းကစပြီး မီးလောင်ကျွမ်းနေပြီး ဒီနေ့မနက်ပိုင်းအထိ မီးငြှိမ်းသတ်နေရဆဲလို့ သိရပါတယ်။
2019-04-25
မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ၁၉၂၃ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေကို နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye တို့က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2019-04-25
ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကာင်စီအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံကို ဆက်ဆံတဲ့နည်းလမ်းရော ဖိအားပေးတဲ့နည်းလမ်းပါ နှစ်မျိုးလုံးသုံးဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Refugee International အဖွဲ့က ပြောလိုက်ပါတယ်။
2019-04-25
SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် ထူထောင်ခြင်း ၅၅ နှစ်ပြည့် အခမ်းအနားကို SSPP ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသမှာ ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2019-04-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ တပ်မတော်ကဖမ်းဆီးသွားတဲ့ လူ ၂၇ ဦးအထဲက သုံးဦး ဟာ ဖမ်းဆီးထားစဉ်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
2019-04-25
ဘေကျင်းကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ မနေ့ညနေပိုင်းက နှစ်နိုင်ငံသီးသန့်တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2019-04-25
ဖားကန့်မှာ မြေစာပုံပြိုကျမှုတွေ ကမ်းပါးပြိုကျမှုတွေကြောင့် လူတွေသေဆုံးနေရတဲ့အပေါ် အစိုးရက စီစဉ်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။
2019-04-25
မြစ်ဆုံစီမံကိန်းကို လျော်ကြေးပေး ရွေးယူမှာမဟုတ်ဘဲ အပြီးတိုင်ရပ်ဆိုင်းပေးဖို့နဲ့ စီမံကိန်းကို အကောင်ထည်ဖော် စာချုပ်ချုပ်ဆိုခဲ့တဲ့သူတွေကို တရားစွဲဆိုသွားမှာဖြစ်တယ်လို့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး သတင်းစာရှင်းလင်းပွဲကနေ ပြောပါတယ်။
2019-04-25
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင်း ဆွေးနွေးချက်တွေကို သတင်းမီဒီယာကို ထုတ်ဖော်ပြောကြားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သတိပေးတားမြစ်ဖို့ တပ်မတော်က ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို တိုင်ကြားလိုက်ပါတယ်။